Part 9{Uni+Zaw}

61 8 3
                                    

မောင် လို့ခေါ်ပီး ကျတော့်ရင်ခွင်ထဲတိုးဝင်လာတဲ့ ဘတ်

ကျတော်အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်
ဘတ်ကလဲကျတော့်ကိုချစ်တယ်တဲ့ ကျတော့်ကိုလဲ မောင် တဲ့ဗျာ
ကျတော်တကယ်ပျော်လွန်းလို့ရူးမတတ်ပဲ ဘတ်ရဲ့ကိုယ်လေးကိုကျတော်လွတ်ထွက်မတတ်ဖက်ပီး တွေးလိုက်မိတာ ကျတော်ဘတ်ကိုဘလိုနည်းနဲ့မှအဆုံးရူံးမခံနိုင်ဘူးဆိုတာပဲ

အိမ်ပြန်လမ်းမှာ ဘတ်ကအရှက်သည်းစွာတိတ်ဆိတ်နေသလို ကျတော်လဲဘာပြောရမှန်းမသိသေချာတာကတော့ ကျတော်တို့၂ယောက်လုံးရင်ထဲမှာ ရူးမတတ်ပျော်နေမိတာအမှန် သို့သော်လဲ တိတ်ဆိတ်မူကိုကျတော့်ဘက်ကပဲ စပီးဖြိုခွဲလိုက်တယ်

ဘတ် ကိုယ်ကလေ ဘတ်ကိုလက်ထက်ဖို့အထိရည်ရွယ်ပီးချစ်တာမို့ ကိုယ့်လက်ကို ဘယ်တော့မှမလွတ်ပဲ အမြဲဆုတ်ကိုင်ထားပေးပါ ပီးတော့ ဘတ်
ခေါ်သလို မောင် လို့သုံးမယ်နော် ဘတ် ဘတ်ရေလို့ မောင့်ကိုကြည့်ပါအုံး ဘာလို့ခေါင်းကြီးငုံနေရတာလဲ

ဟို ဘတ် ဘတ်လေ ရှက် ရှက်တယ်

မရှက်ပါနဲ့ ဒီမှာကိုယ့်မျက်လုံးတွေကိုကြည့် ဘတ်အတွက်ချစ်ခြင်းတွေအပြည့်နဲ့ ကြည့်နေတာ ဘတ်ကရှက်နေရင် ဘယ်လိုလုပ်မြင်ရတော့မှာလဲဘတ်ရယ်

အဲ့လိုကြည့်နေလို့ရှက်တာပေါ့လို့ ပီးတော့ ဘတ်ကချက်ချင်းအဖြေပေးလိုက်လို့ ဘတ်ကိုအထင်သေးသွားမှာလဲ ဘတ်စိုးရိမ်တယ်

အထင်သေးစရာလားဘတ်ရယ် ကိုယ့်မှာ ဘတ်က မောင်လို့ခေါ်လိုက်ထဲက အသက်ရူရပ်မတတ်ရင်တေခုန်နေရတာ ဘတ်ငြင်းလိုက်မှာကိုသာ မောင်က ကြောက်နေရတာပါ ပီးတော့ ဘတ်မောင့် ကိုယုံပါ မောင်ကလေ ဘတ်ကိုပဲချစ်တာ ဘတ်ကိုပဲလက်ထပ်ယူမှာ ကတိပေးတယ်

ဘတ်လဲမောင့်ကိုပဲချစ်တယ် မောင့်တယောက်တည်းကိုပဲ ဘတ်ဘဝတခုလုံးပုံအပ်ထားတာပါ

မောင် ဘတ်ကိုအိမ်တောင်ပြန်မပို့ချင်တော့ဘူး ဘတ်ရယ် ဘလိုလုပ်ရမလဲဟင်

မောင်ရယ် မနက်ဖြန်ရုံးတတ်ရင်တွေ့မှာပဲကို

ဘတ်ကလဲ  မောင်တို့ကရုံးမှာဆို ဘလိုလုပ် သေချာတွေ့ရမှာလဲလို့ မောင်တို့မနက်ဖြန် ရုံးမတတ်ပဲနေကြမလား

OBSESSION {Uni+Zaw}Where stories live. Discover now