23.3.2010
ဆေးရောင်များ လွင့်ပြယ်နေသောတစ်ထပ်အိမ်လေးမှ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်ထွက်လာသည်။ပုံစံကိုကြည့်ခြင်းအားဖြင့်ကျောင်းသွားတော့မည်မှန်းအတပ်သိနိုင်သည်။ သူကစိတ်မပါလက်မပါဖြင့်အိမ်တံခါးကိုသော့ခတ်နေလေသည်။သူ့ကျောင်းဝတ်စုံလက်ရှည်အောက်ကနေထွက်ပေါ်နေသောလက်ကောက်ဝတ်တွင်ဘရိတ်ဓားရာများကိုတွေ့နိုင်သည်။
သူ့ရဲ့မျက်ဝန်းလေးတွေအစိမ်းရောင်တောက်တောက်လေးတွေဖြစ်ပါလျက်နဲ့မလှပနိုင်စွာ ။ သူ့မျက်ဝန်းထဲမှာအထီးကျန်မှုတွေကစိုးမိုးထားသောကြောင့်ဖြစ်မည်။ ဆံနွယ်နီညိုတွေကအနည်းငယ်ရှည်နေပြီးဂုတ်နားမှာဝဲနေတယ်။ သို့သော်ထိုဆံနွယ်တို့သည့်သပ်သပ်ရပ်ရပ်ရှိမနေခဲ့ပေ။ သူ့မျက်နှာအားစေ့စေ့စပ်စပ်ကြည့်လိုက်ရင်နှာခေါင်းတစ်ဝိုက်မှာအညိုရောင်အစက်အပြောက်လေးတွေကိုတွေ့နိုင်တယ်။
ခန္ဓာကိုယ်လေးကသာမန်ကလေးတွေထက်အနည်းငယ်သေးငယ်နေသည်။သူ့စက်ဘီးကိုယူပြီးလမ်းမပေါ်သို့ထွက်လာတဲ့အခါသစ်ရွက်များကလေထဲမှာဟိုဟိုသည်သည်ဝဲပျံနေတယ်။ ထို့နောက်ငှက်ကလေးတွေကလည်းတကျီကျီအော်မြည်နေသည်။ သဘာဝပတ်ဝန်းကျင်ကသာယာဖွယ်အတိ။ ထိုသဘာဝတရား၏အလှတရားများကို Liam Senn ဆိုတဲ့
ထိုကောင်လေးကတော့ နာမ်တစ်ခုထက်ပိုမခံစားတတ်။
မြင်ရသည့်အရာမှန်သမျှဟာ သူ့အတွက်စိတ်ပျက်စရာများသာ ။အနီရောင်ဆေးအသစ်စက်စက်သုတ်ထားသော လမ်းထိပ်မှ စာပုံးထဲတွင် '' To My Dear '' ဟူသည့်
စာတစ်စောင်အား ထုတ်ယူလိုက်သည် ။ဒီစာကိုသူထုတ်မကြည့်ပဲထိုစာထဲတွင်ပါသောအကြောင်းအရာများကိုအလွတ်နေပြီဖြစ်သည်။ ထုံးစံအတိုင်း
သူမအဆင်ပြေသည့်အကြောင်း ၊ သူမတို့သားမိနှစ်ယောက်ကောင်းကောင်းမွန်မွန်
နေနိုင်ရန် သူမကြိုးစားနေကြောင်း ၊ လိုအပ်ချက်များကို
အစွမ်းကုန်ဖြည့်ဆည်းနိုင်ရန် ဖခင်၏နေရာလွတ်အတွက်ပါ သူမကြိုးစားနေသည့်အတွက် ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနေရန်......။ စာအားပြန်ထည့်ကာငရဲခန်းသို့ ကိုယ်တိုင်လျှောက်လှမ်းလာခဲ့သည်။။သူထိုစာအား မလိုအပ်ပါ ။အကြောင်းမှာ သူမထွက်သွားချိန်ကစ၍
၁၃၁ စောင်သောစာများသည် အကြောင်းအရာ တူညီနေသောကြောင့် ။