{Unicode}
ဒါကတော့ ကျွန်တော့်ရဲ့ အဖြစ်မှန်ကိုရေးထားတဲ့ ဝတ္ထုလေးတစ်ပုဒ်ပေါ့ ဒါပေမယ့် ဇာတ်သိမ်းပိုင်းကတော့ တကာယ့်ဘဝနဲ့ ဆန့်ကျင်ဘက်ပဲ ဝတ္ထုတစ်ပုဒ်ကို စာရေးဆရာက စိတ်ကြိုက်ခြယ်လှယ်သလို ဘဝတစ်ခုကိုလည်း ကံကြမ္မာက စိတ်ကြိုက်ခြယ်လှယ်လှယ်တယ် ကံကြမ္မာက ငါ့ဘဝရဲ့ ဇာတ်ဆရာဖြစ်နေတာကို ငါမကြိုက်ဘူး ကျွန်တော်ငယ်ငယ်ကတည်းက ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာက ကျွန်တော့်ကို အခွင့်အရေးသိပ်မပေးခဲ့ဘူး
ကျွန်တော်နေတဲ့ပြည်နယ်လေးပေါ့
မြူခိုးများမှာလည်း တိမ်စိုင်များသဖွယ် လှပသော ပတ်ဝန်းကျင်ရှုခင်းများရှိသော ပြည်နယ်တစ်ခု ချယ်ရီပင်တွေဟာသူထက်ငါ အပြိုင်လှပတင့်တယ်နေလွန်းသည် လက်ဖက်ခင်းစိမ်းစိမ်းတို့မှာ အမွှေးရနံ့များသင်းပျံ့လျက် ထိုသဘာဝပတ်ဝန်းကျင်ကိုမြင်ရသူတိုင်း စိတ်ကြည်လင် ရွှင်လန်း ငေးမောရသည့် ရှမ်းပြည်နယ်တွင်ကျနော်နေထိုင်သည်
အလွန်တရာလှပသည့် တောင်တန်းများနှင့် ကြီးမားကျယ်ပြန့်သော ထင်းရှူးတောကြီးတွေ ဝန်းရံလျက်ရှိသော မြို့တစ်မြို့ ထိုမြို့သည် ရှမ်းပြည်နယ်တွင်ရှိသော ကလောမြို့ပင်
ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါရစေ ကျွန်တော်က စိုင်းထက်ပါ
အသက်ကတော့ ၂၃ ပေါ့ ကျွန်တော်က ငယ်ငယ်ကတည်းက စာရေးရတာကို ကြိုက်တာ
ကျနော်ဒီလိုပြောလို့မအံသြပါနဲ့ဦးလား ဟုတ်တယ် ကျနော်ကမိဘမဲ့တစ်ယောက်
ငယ်ငယ်ထဲကအမိကဘယ်သူအဖကဘယ်သူဆိုတာမသိခဲ့ပဲကြီးပြင်းခဲ့တာ
ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ မိဘတွေရဲ့ အချစ်ကိုတော့ တောင့်တမိတာပေါ့
Family life ကြိ ဖြတ်သန်းဖူးချင်တယ် ကျွန်တော်က မိဘမဲ့ကျောင်းမှာပဲ ကြီးပြင်းလာရတာ အရွယ်လည်းရောက်နေတော့ အလုပ်ဆိုတာရှိသင့်တယ်မလား အလုပ်မရှိတဲ့သူဟာလူပျင်းတဲ့လေ ရှေးရိုးယဉ်ကျေးမှုစကားတွေပဲဗျ
ကျနော်တို့လူမျိုးတွေကလက်ဖက်ခူး ပေါင်းသင် လိမ္မော်ခူး တခြားအလုပ်နည်းနည်းကိုသာအမှီပြုလုပ်ကိုင်ကြလေ့ရှိတယ် အရွယ်ရောက်ပြီဆိုထိုအလုပ်တွေလုပ်ကိုင်တာ အစဉ်အလာပဲ တစ်ဦးပေါက်တစ်ယောက်ထွန်းဆိုသလိုကျနော်ကတော့် ဒါတွေနဲ့ဆန့်ကျင်ဖက်ကိုပိုကြိုက်တယ်
အသစ်တွေကိုစမ်းသပ်ကြည့်ချင်တယ် မြို့မှာအလုပ်တွေလျှောက်ထားပေမဲ့ မန္တလေးဆိုသည့်နေရာကိုသွားချင်တာကျနော့အိမ်မက်တွေထဲက တစ်ခုပဲ ကျနော်ကစာရေးတာဝါသနာအရမ်းကြီးတော့ ဝတ္ထုတွေရေးချင်မိတယ် ခက်တာကတစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေဟာ ဝတ္ထုရေးဖို့ ဖတ်ဖို့ဘယ်အချိန်ရှိပါ့မလဲလေ ဒါပေမယ့် မန္တလေးမှာသွားပြီး စာအုပ်သွားထုတ်ချင်တာပဲပေါ့ ကဲဒီနေ့အလုပ်အင်တာဗျူးဖြေဖို့အတော်နောက်ကျပြီပဲ သွားရတော့မယ်
အော် ဒါနဲ့ ကျွန်တော် လူတစ်ယောက်အကြောင်းပြောပြစရာရှိတယ် သူနေတဲ့မြို့ကတော့ ကျွန်တော်သွားပြီး အလုပ်လုပ်ချင်တဲ့ မြို့လေးလေ ဟုတ်တယ် သေချာပေါက် မန္တလေးမြို့ပေါ့
မန္တလေးမြို့ဆိုတာနဲ့ အားလုံးမျက်စိထဲ အရင်မြင်သွားတာတော့ နန်းတော်နဲ့ကျုံးပေါ့ အဲ့ဒီ့နန်းတော်နဲ့ကျုံးက သူ့အတွက်တော့ စိတ်ညစ်ရင် အပန်းဖြေရာနေရာလို့တော့ ပြောတယ် ကျုံးဘေးနားက လေလေးတွေက အေးမြပြီး တစ်ခါတစ်လေ လေတိုက်တော့ ကျုံးထဲကရေတွေက လှိုင်းကြက်ခွပ်လေးတွေတောင် ထနေတယ် ကျုံးဘေးနားမှာလည်း အပင်လေးတွေစီနေရောပဲ အများစုကတော့ ထနောင်းပင်တွေပေါ့ နေဝင်ရီတရောအချိန်ဆိုရင် ကျုံးဘေးကနေ နေဝင်ဆည်းဆာကို ကြည့်ရင် အရမ်းလှတယ် ကျုံးကရေနံ့လေးတွေကလည်း ဘေးနားတစ်ဝိုက်မှာ သင်းပျံ့နေတယ်
ကျွန်တော်အဲ့ဒီ့ လုအကြောင်း ဆက်ပြောမယ်နော် သူ့နာမည်က အလင်းခေတ်တဲ့ သူက အသက် ၂၅ နှစ်ပေါ့ ကျွန်တော့်ထပ် ၂ နှစ်ကြီးတယ် ကျွန်တော် အမှန်တိုင်း ဝန်ခံရရင် သူ့ကို အရမ်းလေးစားတယ် အားကျတယ် ဘာလို့လဲဆိုတော့ အသက် ၂၅ နှစ်ပဲရှိသေးတာကို လုပ်ငန်းတွေ အများကြီးကို ဦးစီးနိုင်တယ် သူ့အကြောင်းတွေ အလုံးစုံ မသိခင်မှာတော့ ကျွန်တော်ထင်တာက ကံကြမ္မာက သူ့ကိုဆို အခွင့်အရေးတွေအများကြီးပေးတာပဲ လို့ပေါ့ သူ့ကို မနာလိုတောင် လိုမိခဲ့တယ်
သူက သူဋ္ဌေးတစ်ယောက်ပေါ့ လုပ်ငန်းတွေအများကြီးလုပ်တယ် လက်ဖက်လုပ်ငန်းရော ခရီးသွားလုပ်ငန်းရော တော်တော်များများလုပ်တယ် အဲ့ဒါအပြင် သူက လယ်ကွက်မြောက်များစွာကိုလည်း ပိုင်ဆိုင်ထားသေးတယ် သူပြောတာတော့ သူက ဒီလုပ်ငန်းတွေကို မလုပ်ချင်ဘူးတဲ့ သူအလုပ်လုပ်နေတာ အကြောင်းရင်း တစ်ခုကြောင့်တဲ့ အဲ့အကြောင်းအရင်းကို ကျွန်တော် နောက်ဆုံးမှ သိခဲ့ရတာ။ အလုပ်ကိစ္စနဲ့ ရှမ်းပြည်ဘက်ကို လာရတယ် တိုက်တိုက်ဆိုင်ဆိုင် ကလောမြို့က ကော်ဖီဆိုင်မှာ တွေ့လိုက်တာ ကျနော်အင်တာဗျုးဖြေတဲ့နေ့မှာစတာပါပဲ ရှမ်းပြည်နယ်မှာနေတဲ့ကျနော်ဟာလ္ဘက်ကြိုက်သလို coffeeကိုရူးရူးမူးမူး စွဲလမ်းနေခဲ့သည် အဲ့နေ့ကကျနော်သောက်နေကြ Nong coffee ဆိုင်လေးမှာcoffeeသောက်ရန်သွားခဲ့သည် ဆိုင်လေးကအပြင်အဆင်အရမ်းလှသည့်အပြင် တိတ်ဆိတ်ပြီးသဘာဝအလှကိုခံစားနိုင်သည် စာဖတ်ဝါသနာပါသူများလဲမကြာခနသွားသင့်သည့်နေရာလေးပင် ကျနော်နဲ့ကွက်တိကျတဲ့ထိုဆိုင်လေးက coffeeဟာတစ်ခွက်ရှေ့ကိုရောက်လာတာနဲ့ ရနံ့တွေဟာပျံ့နှံ့မွှေးကြိုင်လို့နေသည် စာလေးဖတ်ရင်းတိတ်ဆိတ်တာကြိုက်တဲ့ကျနော့်ဘဝအတွက်တော့စည်းစိမ်တစ်ခုပေါ့ ဒီလိုနဲ့ကျွန်နော်ထိုဆိုင်လေးကိုသွားနေကြမနက်ခင်းမှာလှမ်းလာခဲ့လိုက်သည် လူတွေကတိုးကြိတ်နေသည်မဟုတ်ပေမဲ့ပြေပြေလည်လည်လေးသာ
*ကျနော့်ကိုblack coffee တစ်ခွက်ပေးပါ*
ကျနော်နှင့်အတူအသံတစ်သံဟာလဲတစ်ပြိုင်နက်ပေါ်ထွက်လာခဲ့သည် ထိုအသံပိုင်ရှင်ကတော့အလင်းခေတ်ပင် ချောမောခန့်ညားလှသည့် ထိုယောက်ျားသားကိုမြင်တော့ခနမျှကြောင်အမ်းအမ်းဖြစ်နေသော်လည်း ထိုအခိုက်အတန့်ကခနလေးသာ ကျွန်တော်သူ့ကို ငေးကြည့်နေမိသည်
သူက coffee ကိုသူ့ကိုအရင်ပေးဖို့ပြောနေသည် ပြဿနာက အဲ့မှာစတာပဲ ကျွန်တော်နဲ့ သူနဲ့က ကော်ဖီကောင်တာ ရှေ့မှာ ရပ်စောင့်နေတာ အဲ့က အလုပ်သမားကလည်း ကော်ဖီတစ်ခွက်ကို ဖျော်ပြီးတော့ ပေးတယ် အဲ့မှာ ဇာတ်လမ်းက စတာပဲ စိုင်းထက်ဘဝမှာသူများနောက်ဒုတိယဆိုတာသေမှရှိလိမ့်မည် ဒါကြောင့်သူ့ထက်ကျော်ရန် coffee ခွက်ကိုယူလိုက်တော့သူကပါလာကိုင်သည် ကျွန်တော်က အင်တာဗျူးဖြေရမှာမလို့ ကော်ဖီခွက်ကို အရင်လိုချင်တာဗျာ အဲ့ဒါကို သူကလည်
အလျော့မပေးဘူး အဲ့ဒီ့ ကော်ဖီခွက်လေးတစ်ခွက်ကိုပဲ နှစ်ယောက်သားလုနေမိတယ် ဘေးကလူအချို့ကလည်း ကျွန်တော်တို့ကို ဝိုင်းကြည့်နေတယ် အဲ့အချိန်တုန်းကတော့ ကော်ဖီခွက်အရင်ရဖို့အရေး တို့အရေး ဖြစ်နေတော့ ဘေးလူတွေကိုလည်း ဂရုမစိုက်မိ
နှစ်ယောက်သားအံတကြိတ်ကြိတ်ဖြင့်coffeeခွက်လေးကိုဖျစ်ညှစ်ကာ အကြည့်ချင်းစစ်ထိုးရတော့သည် ဆိုင်ထဲမှရှိသမျှအရာအားလုံးဟာတိတ်ဆိတ်လျှက် ထိုထဲတွင်စကားတစ်ခွန်းတောင်မဟပဲ စိတ်နဲ့ရန်ဖြစ်နေကြတဲ့ကျနော်တို့နှစ်ယောက်လဲပါဝင်နေခဲ့သည် ထိုစဉ်coffeeခွက်လေးဟာဖျစ်အားကြောင့်အဖုံးပွင့်သွားပြီး ကျနော့်အင်္ကျီပေါ်သို့ဖိတ်စဉ်ထိုးကျသွားလိုက်သည် အပူရှိန်ကတစ်ကြောင်း အင်္ကျီပေသွားတာတစ်ကြောင်း coffeeမရတော့တာကတစ်ကြောင်း အလုပ်မသွားရတော့မှာကတစ်ဖန် ထပ်ကာတစ်လဲလဲအကြောင်းပေါင်းများစွာ ရောယှက်ကာဒေါသစိတ်ကငယ်ထိပ်ရောက်ကာလာချေပြီ ငယ်ငယ်ထဲကဆက်ဆက်ထိမခံသူမို့ ဘယ်သူဘယ်ဝါနားမလည်တော့ " ဟိတ်လူ ခများကဘာဖြစ်ချင်နေတာလဲ coffeeကိုကျနော်အရင်မှာတာပြီးတော့ကျနော်အရင်ရောက်တာ ဘာကိစ္စများရှိနေလို့သူများcoffeeလာလုတာလဲ "
YOU ARE READING
My Only Desire
NouvellesZawgyi & Unicode နှစ်မျိုးလုံးပါ novelyze writing challenge လေး ပြိုင်ထားတာမို့ဖတ်ရှုခံစားအားပေးကြပါအုံးနော် #နှောင်ကြိုး #flarina