❣1❣

22.4K 558 25
                                    

နေ့တစ်နေ့ရဲ့အစ .....

မနက်မိုးလင်းပြီဆိုတာနဲ့ လင်းရောင်ထူးတစ်ယောက် ကုတင်ဘေးကမြည်ဟီးနေတဲ့ နှိုးစက်ကို စိတ်ပေါက်ပေါက်နဲ့ ထပိတ်ရမြဲ။မနက်အစောကြီးမထချင်ပေမယ့် ကျောင်းသွားရမည်ဖြစ်တာကြောင့် နှိုးစက်ကိုညထဲကချထားရသည်။နှိုးစက်သာမချထားမိရင် နေ့လည်ထိတောင်နိုးမည်မဟုတ်။ဒီနေ့တော့ထူးဆန်စွာ နှိုးစက်သံမကြားရဘဲ ရင်ဘက်ပေါ်ကို ခပ်လေးလေးအရာလေး ရောက်နေသည်ကြောင့်နိုးလာရသည်။မျက်လုံးကိုပွတ်ကာ ဖွင့်ကြည့်တော့ ရင်ဘက်ပေါ်ခွထိုင်ကာ ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ကလေးလေးတစ်ယောက်။

ဘယ်ကကလေးလေးကသူ့အခန်းထဲရောက်နေတာလဲ သူလဲကလေးမမွေးထားရပါဘူး မဟုတ်မှ သရဲလေးလား

ကလေးလေးကိုတွန်းမချရဲဘဲ စဉ်းစားခန်းဝင်နေပြီးမှ ကြောက်ကာ မျက်လုံးကိုပိတ်ထားလိုက်သည်။

နှုတ်ခမ်းကိုထိတွေ့လာတဲ့ စိုစိစိလေးကြောင့် လူကငိုချင်စိတ်ပေါက်သွားသည်။ခုကလေးသရဲပေါက်စလေးက သူ့ကိုခြောက်နေတာလား မခြောက်ပါနဲ့ သရဲကြောက်လို့ပါကွာ ။

"ဟိဟိ "

ရယ်သံလေးနဲ့အတူ ရင်ဘက်ပေါ်က ပေါ့သွားတော့မှ မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ဟင် သူမျက်စိမှားတာတော့မဟုတ်ပါဘူး နော် ဘာလို့မမက သရဲပေါက်စလေးကိုချီထားရဝာာလဲ မကြောက်ဘူးလားမသိဘူး

"ဟဲ့ မောင်လေးထတော့ မျက်နှာကဘာလို့ရှုံ့တွနေတာလဲ "

"မမ လက်ထဲက သရဲလေး"

"ဟဲ့ အိပ်ချင်မူးတူးနဲ့ဘာတေပြောနေတာလဲ ဒါ ရွာကကြီးတော်မြရဲ့ မြေးလေးဟဲ့ သူ့မိဘမရှိတော့လို့ ကိုကိုနဲ့တိုင်ပင်ပြီးမွေးစားဖို့ခေါ်လာဝာာ"

"ဗျာ"

အော် လက်စသတ်တော့လူလေးတဲ့လား အမလေးသရဲလေးမှတ်လို့ ကလေးလေးကချစ်ဖို့ကောင်းသား ဟိ

"ဘာ တဟိဟိ လုပ်နေတာလဲ သွားရေချိုးတော့ အမရေစပ်ထားပြီးပြီ တကယ်ပဲ သားလေးကိုထားခဲ့တာတောင်မသိဘဲ အိပ်နေတယ် မေ့သားလေး မိုင်မိုင်စားမယ်နော်"

နှလုံးသားမှဖြစ်တည်လာသော ( နှလုံးသားမှဖြစ်တည်လာသော )Where stories live. Discover now