❣2❣

5.7K 471 28
                                    

"ဟေ့ကောင် ငထူး ကျောင်းရှေ့မှာမင်းအမရောက်နေတယ်"

"ဘာလာလုပ်တာလဲမသိဘူး"

ငယ်သူငယ်ချင်းကြီး တမန် စကားကြောင့် စာရေးနေရင်း ကျောင်းရှေ့ထွက်လာရပြန်သည်။ကျောင်းဆိုဘယ်တုန်းကမှလိုက်မလာဖူးတဲ့မမက ဘာလို့များလိုက်လာပါလိမ့်။ကျောင်းဝန်းကြီးကကျယ်ပြီး သူတို့အဆောင်ကနောက်ဆုံးဖြစ်တာမို့ မမဆီရောက်ဖို့ခပ်သွက်သွက်လျှောက်လာရသည်။ကျောင်းပေါက်ဝမြင်ရတဲ့လမ်းကွေ့လေးရောက်တော့ မမနဲ့ကလေးပေါက်စလေးကိုမြင်လိုက်ရတာမို့ မျက်နှာကချက်ချင်းပြုံးဖီးသွားရသည်။ခပ်သွက်သွက်လှမ်းလာတဲ့ခြေလှမ်းတေကိုအရှိန်တင်ရင်း ကလေးပေါက်ဆီအပြေးသွားလိုက်ကာ ပွေ့ချီလိုက်သည်။

"အမလေး အမကိုတောင်မမြင်နိုင်ဘူး မချစ်လို့တော်တော့ရယ်"

"မမကလဲဗျာ"

မမအပြောကမှန်နေတာမို့ ရှက်ပြုံးလေးသားပြုံးရင်း ကလေးပေါက်ပါးလေးကိုနမ်း‌လိုက်သည်။

"တိုတို ပိုးဥကလွမ်းနေတာ"

ပိုးဥသည် သူ့လည်တိုင်ကို လက်တုတ်တုတ်လေးတေနဲ့ဖက်တွယ်လာကာ ခေါင်းလေးကိုလဲ သူရင်ဘက်ကိုမှီပြီး ချစ်စဖွယ်ပြောလာသည်။

"ကိုကိုလဲပိုးဥလေးကိုသတိရနေပါတယ်ကွာ "

"ဟီးဟီး"

"ဒါနဲ့မမ ထူးထူးဆီဘာလို့လာဝာာလဲ ပြောစရာရှိလို့လား"

"အဲ့မှာလေ မနက်ထဲက ကိုကို့ဆီလိုက်ပို့ဆိုပြီးဂျီကျနေလို့ အလုပ်အားဝာာနဲ့တန်းလိုက်ပို့တာ"

"ဟုတ်လား ပိုးဥ ကို့ကို့ကိုအရမ်းသတိရနေတာလား "

"ဟုတ်ရယ် ပိုးဥပျင်းရို့ "

"ဟားဟား ကိုကိုကျောင်းဝာက်ရတော့မယ် ပိုးဥပြန်တော့နော် ညနေမှတူတူကစားကြမယ်"

"ဟုတ် တိုတို ပိုးဥစောင့်နေမယ် မွ"

ပိုးဥသည် သူ့ပါးလေးကိုနမ်းကာ မမလက်ထဲပါသွားပြီး သူကျောင်းဝန်းထဲဝင်သွားသည့်တိုင် ရီပြကာလက်ပြနေသေးသည်။ပိုးဥကိုစရောက်တုန်းကမချစ်သော်လည်း ညတိုင်းအတူအိပ်ရဝာာကြောင့် သံယောဇဉ်တွယ်ကာ ခုဆိုအသည်းတုံးလေးပါဖြစ်နေလေပြီ။ပိုးဥကမမတို့ထက် သူ့ကိုပိုခင်တွယ်သည်။ရေချိုးရင်လဲ မမတို့ကိုမချိုးမခံဘဲ သူချိုးပေးမှသာ ချိုးသည်။ညအိပ်ရင်လဲ မမတို့ခေါ်ရင်တောင် မသွားတော့ဘဲ သူ့ချိုချိူစို့ကာ အိပ်သည်။ငယ်ငယ်ထဲက မိဘတေဆုံးသွားတဲ့ပိုးဥလေးကိုအသနားပိုကာ သူအကိုကြီးဝာစ်ယောက်လို ချစ်ပေးသည်။ပိုးဥကလဲသူ့ကိုဆိုအရမ်းချစ်သည်လေ။

နှလုံးသားမှဖြစ်တည်လာသော ( နှလုံးသားမှဖြစ်တည်လာသော )Where stories live. Discover now