❣5❣

5.3K 338 17
                                    

"တိုတို ခန့်လေးဗိုက်ဆာရယ်"

"မေမေရေ ညီလေးကဗိုက်ဆာလို့တဲ့ "

ပိုးဥတစ်ယောက် ကိုကို့ရင်ခွင်ထဲဝင်ကာ ခန့်လေးကိုအရုပ်တေနဲ့ဆော့စေသည်။ခုဆို ပိုးဥက ၈နှစ် ခန့်လေးက ၃နှစ်။ပိုးဥကခုထိ ကိုကို့ကိုချွဲနေတုန်းပင်။

"ပိုးဥ ညီလေးအတွက်မုန့်သွားယူပေးလိုက်လေ"

"ဟင့်အင် ပိုးဥကိုကို့ရင်ခွင်ထဲမှာပဲနေမှာ ခန့်လေးကိုမေမေမုန့်လာပို့လိမ့်မယ်"

ထူးထူးသည် ရင်ခွင်ထဲက ပိုးဥလေးခေါင်းလုံးလုံးလေးကိုနမ်းကာ ခန္ဓာကိုယ်လုံးလုံးလေးကိုခပ်တင်းတင်းဖက်ထားလိုက်သည်။ပိုးဥကသာ သူ့ကိုကပ်တာ ခန့်လေးကတော့ ဆိုင်ကယ်ရုပ်တေနဲ့သာ ကစားနေသည်။

ပိုးဥသည် သူ့ကိုခန့်လေးနဲ့တောင်သဝန်တိုသည်။ခန့်လေးကသူ့နားအရမ်းကပ်နေရင် ပိုးဥသည်ရှုံတွနေကာ ခန့်လေးနှင့်အပြိုင်ပေါင်ပေါ်တက်ထိုင်သည်။

"တိုတို မေမေလာသေးဝူးလား"

တော်တော်ဗိုက်ဆာနေပုံရတဲ့ ခန့်လေးကနှာခေါင်းလေးရှုံ့တွကာပြောလာသည်။ထိုအချိန် ပိုင်သည်မုန့်ထုတ်လေးကိုင်ကာရောက်လာသည်။

"ပိုင် မင်းလာတာနဲ့အတော်ပဲ ခန့်လေးအတွက်မေမေဆီကမုန့်သွားယူပေးပါလား"

"ငါ့မှာပါတယ် "

ပိုင်သည် ခန့်လေးကစားနေတဲ့ဘေးဝင်ထိုင်ကာ လက်ထဲကမုန့်ထုတ်လေးကိုထိုးပေးလိုက်သည်။ခန့်လေးသည် ပိုင့်လက်ထဲကမုန့်ထုတ်လေးကို ဆွဲယူကာ လှေကားနားလွှင့်ပစ်လိုက်သည်။ပိုင်သည် ခန့်လေးလွှင့်ပစ်လိုက်တဲ့မုန့်လေးကိုကြည့်ကာနှမြောနေဟန်ရှိသည်။

"ခန့်လေး ဘာလို့မုန့်ကိုလွှင့်ပစ်လိုက်တာလဲ"

ပိုးဥကအော်လိုက်သလို ကိုကိုကလဲ

"ကိုကိုကအကောင်းပေးတာကို ဘာလို့ဆိုးနေတာလဲ"

ပိုးဥနဲ့ ကိုကိုရဲ့ဆူသံကြောင့် ခန့်လေးကမျက်လုံးရွဲကြီးတေနဲ့မော့ကြည့်လာကာ

"ခန့်လေးမှမကြိုက်ရာ နောက်ပြီးသူပေးတဲ့မုန့်လဲမချားဝူး ခန့်လေးကဟိုတယ်ကမုန့်ပဲချားရာ "

နှလုံးသားမှဖြစ်တည်လာသော ( နှလုံးသားမှဖြစ်တည်လာသော )Where stories live. Discover now