Zawgyi
" အဲ...ယွီချန်...ဖြေးဖြေးသွားလေ...ငါမော်နေပြီး..."
အသက် ၂၄ နှစ်အရွယ်ကောင်မလေး တစ်ယောက်
အရမ်းမောနေသော ပုံစံဖြင့် မာယွီချန်အား စောင့်နေရန်
လှမ်းပြောနေသည်။
ဘဝပေးအခြေအနေကြောင့် သူ့နောက်ကြောင်းကို ဖုံးကွယ်ပြီးနေထိုင်နေရတဲ့ မာယွီချန်ကတော့ နာကြင်မှုတွေနဲ့ နေထိုင်လာရပေမယ့်လည်း သူနာကြင်မှုတွေကို ဘယ်သူ့မှမပြော၊ ညဘက်လရောင်စမ်းတဲ့ အချိန် လမင်းကြီးနဲ့သူ နှစ်ယောက်ထဲ ရှိနေတဲ့ အချိန်ရောက်မှ သေရေသောက်ပြီး လမင်းကြီးကို ကြည့်ပြီးသူ့ရဲ့နာကြင်မှုတွေကို တစ်ဝကြီးထိုင်ပြောလေသည်။
အခြားသူတွေ့ရဲ့ ရှေ့မှာတော့ သူဟာအမြဲတမ်း ပျော်ရွင်နေတဲ့သူ၊ ဖြတ်ဖြတ်လတ်လတ်နှင့် ဘဝကို ဖြတ်သန်းရပါတယ်။" ဖိန်ရှန်...!....နင်ဟာလေ...ဘာလုပ်လုပ်...အရမ်းနှေးတာဘဲ...အရှေ့မှာသာ...အစားသောက်သာရှိရင်...နင်မြန်မှာသိလား...''
အနောက်ကိုပြန်လှည့်ပြီး စိတ်မရှည်သောလေသံဖြင့်
ဖိန်ရှန်ရဲ့ ခေါင်းကို ရိုက်ပြီးပြောသည်။
ဖိန်ရှန်ကလည်း ခေါင်းလေးကို ပွတ်ပြီး ပြုံးဖီးဖီးမျက်နှာလေးဖြင့်" ဟာ....နင်ကလည်း...အစားအသောက်တွေကို ငါကြိုက်တယ်လေ...အဲ့တော့ငါမြန်တာပေါ့ဟ..."
(ယွန်းအတိုင်းဘဲ ^ - ^ )" ဟုတ်ပါပြီ...အစားပုတ်မရယ်...ပြောလိုက်ရင်...
နင့်မှာ...အပြစ်ကင်းဆင်ပြီး...အပြစ်လုံးဝမရှိတဲ့...အတိုင်းဘဲ... ''" နင်ကလည်...''
" ကဲလာ...ဆူပုတ်မနေနဲ့...သွားမယ်..."
" လာပြီ....ဟွန့်..."
ဖိန်ရှန် ကတော့မျက်နှာကြီးရှုံမဲ့ပြီး လိုက်လာသည်။
လိမ္မော်ရောင်သန်းနေသော နေမင်းကြီးရဲ့ အောက်မှာ
မြင့်မားထူထဲနေတဲ့ တိမ်တွေနဲ့အတူ ရဲရင့်ထက်မြတ်သော
အမျိုးသမီးတစ်ဦး၊အုန်းခွံရောင်အမွေးဆံနွယ်များ
ရှိသောမြင်းရိုင်းကိုစီးပြီး၊ နန်းတွင်းရဲ့ ရဲမတ်စစ်သည်တော်များနှင့်အတူသားကောင်ပြစ်ရန် အမဲလိုက်ထွက်နေလေသည်။
ဤသူကာ အခြားသူမဟုတ်
လျိုကျန်နန်းတော် ပိုင်ဝမ်မျိုးဆက်ရဲ့ ဘုရင်မ ပိုင်ဝေ့ရှန် ဖြစ်သည်။ ပိုင်ဝေ့ရှန် ဟာ စစ်ပွဲတိုင်းကို အနိုင်ရရှိသူတစ်ဦးပင်၊ စစ်ပွဲဘုရင်မ ဝေ့ရှန် ဟူ၍လည်း
တင်စားခေါ်ဝေါ်ကြသည်။
ဒါပေမယ့် ပိုင်ဝေ့ရှန်က လွန်ခဲ့သော နှစ်၂၀ လောက်က
လျိုကျန်နန်းတော်ရဲ့ ရှန်ကျန်ဘုရင်ကို လုပ်ကြံခဲ့တဲ့ အမတ်လီလျိုရဲ့ မြေးတယ်။ ဘုရင်သတ်ပြီးတဲ့နေ့ကစပြီး သူ့ကိုသူပါ သတ်သေသွားခဲ့သည်။အမတ်လီလျီုကလည်း သူ့ရဲ့နိုင်ငံကို အုပ်စိုးချင်းတဲ့အတ္တကြောင့် မင်းကြီးရဲ့သေတန်းစာမှာ ပိုင်ဝေ့ရှန်ကို ထီးနန်းကို အတင်းလွှဲပြောင်းပေးရန် သွေးစာအမိန့်ဖြင့်ရေးသားခဲ့သည်။
YOU ARE READING
Emperor Of LOVE
أدب تاريخيZawgyi အင်ပါယာကို အုပ်စိုးတဲ့သူကို ချစ်မိခဲ့တဲ့ သူရဲ့နောက်ကွယ်ကအကျိုး ဆက်က နာကြည်းမှုလား၊ပျော်ရွင်မှုလား ဒါမှမဟုတ် ကလဲ့စားချေမှုလား Unicode အင်ပါယာကို အုပ္စိုးတဲ့သူကို ခ်စ္မိခဲ့တဲ့ သူရဲ့နောက်ကွယ်ကအကျိုး ဆက္က နာကြည်းမှုလား၊ပျော်ရွင်မှုလား ဒါမှမဟုတ် ကလဲ့...