Taehyungလည်းကျောင်းသွားဖို့ပြင်ဆင်လေသည်။မျက်မှန်အဝိုင်းလေးနှင့်အရမ်းကိုချစ်စရာကောင်းလှပါသော...
Jungkookမှာဟင်းချက်တော်သူဖြစ်လေသည်။Taehyungစားဖို့ဟင်းတွေထမင်းတွေသူအကုန်ချက်ပေးသည်။Taehyungမှာအစာအိမ်ရောဂါရှိသဖြင့်အစာအမာများနှင့်အချိုများမစားနိုင်။Jungkook ထို
အိမ်သို့လာနေသည်မှာ1ရက်ခန့်သာရှိသေးသော်လည်းTaehyungရဲ့အမပြောသမျှကိုလိုက်မှတ်ထားလေသည်။အခုလည်းTaehyungကိုကျောင်းလိုက်ပို့ရတော့လေမည်။Taehyungမှာအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ
ဖြစ်သည်။ပုံမှန်ဆိုTaehyungတစ်ယောက်တည်းကျောင်းသွားလေ့ရှိသည်။Jeon Jungkookဆိုသည်မှာအကဲပိုလွန်းလေသလား?"လာငယ်လေး..ကိုယ်တို့သွားကြမယ်။!!"Jungkookမှပြောလိုက်သည်။
Taehyungမှာသူ့အားငယ်လေးလို့ခေါ်သည်ကိုတစ်စက်မှမကြိုက်...ငယ်လေးဆိုသောနာမည်လေးမှာသူ့အမဖြစ်သူHanguပေးထားသောနာမည်လေးပင်.
ထိုနာမည်လေးကိုJeon Jungkookနာမည်နှင့်သူ့အမကိုသိမ်းပိုက်တော့မည်ဖြစ်သောလူကြီးမှအားပါးတရခေါ်နေသည်ကိုမကြိုက်ပါ။ထိုကြောင့်
"ကျတော့်ကိုငယ်လေးလို့မခေါ်ပါနဲ့!!"
Taehyungလည်းဒေါသထွက်ပြီးပြောလိုက်မိသည်။
"သြော်....အင်း...ကိုယ်တောင်းပန်ပါတယ်။"Jungkookမျက်နှာငြိုးသွားသည်မှာတော့အမှန်ပင်....ကျောင်းထိပ်ရောက်ခါနီးထိJungkook ကျောင်းလိုက်ပို့သည်။"ကျတော့်ကိုညနေကျရင်လာမကြိုပါနဲ့!!"Taehyungရှက်ပုံပေါ်သည်။ကလေးမဟုတ်တော့သောကြောင့်လည်းဖြစ်ပေလိမ့်မည်။သို့သော်
လူကြီးဂိုက်ဖမ်းနေသောဖြူဖြူလုံးလုံးကောင်လေးအားjungkookအူယားလှသည်။ဖြစ်နိုင်မည်ဆိုလျှင်သူ့ပိုက်ဆံအိတ်ထဲထည့်ပြီးသိမ်းထားချင်နေပေမည်။Jungkook Taehyungကိုတွေ့တာ24 hrsတောင်မပြည့်သေး....ဒါတောင်သံယောစဥ်တွယ်နေမိပြီ။သူ့အမမရှိတဲ့3လအတွင်းဆိုလျှင်Jungkookဘယ်လိုထိန်းချုပ်မလဲ?Taehyungလည်းလွဟ်အိတ်ယူပြီးကျောင်းထဲဝင်သွားလေသည်။
ကျောင်းထဲဝင်ဝင်ချင်းပင်မျက်နှာပြောင်းသွားသောTaehyungကြောင့်Jungkookကြက်သေသေသွားရသည်။
"Mochiiiiiii....."ကလေးတစ်ယောက်ကဲ့သို့ပြေးလွှားအော်ဟစ်နေသည်မှာချစ်စရာအလွန်ပင်ကောင်းသည်။Taehyungထက်အရပ်ပုပုလူကောင်သေးသေးနှင့်Mochiဆိုသည့်ကောင်လေးအားTaehyungကျစ်ကျစ်ပါအောင်ဖက်ထားလေသည်။ထိုမြင်ကွင်းကိုကြည့်နေသောJungkookမှာမူကြိုကလေးလေးကိုကြည့်နေရသလိုအူယားနေမိလေသည်။ကျောင်းပို့ပြီးအပြန်တွင်Jungkookစဥ်းစားနေမိသည်။Taehyungကသူ့ကိုသဘောမကျရတဲ့အကြောင်းရင်းကိုပေါ့..
Jungkookသဘောမကျပါ။Taehyung၏ပြောဆိုဆက်ဆံပုံသည်Jungkookအတွက်တော့ရင်နာစရာကောင်းလှပေသည်။သို့သော်Jungkookစဥ်းစားလိုက်မိသည်။
Taehyungနားကိုတဖြည်းဖြည်းချဥ်းကပ်ကာရင်းနှီးမှုရအောင်ပေါ့~~Taehyungကိုချစ်သည်ဟုပြောရအောင်လည်းသေချာသေးသည်မှမဟုတ်တာ...ထို့ကြောင့်JungkookမှTaehyungနှင့်အနေနီးအောင်နေရင်းချစ်မိနေလား..မချစ်မိနေဖူးလားဆိုတာဆန်းစစ်ကြည့်မည်။ချစ်မိနေခဲ့ပြီဆိုရင်တောင်မှjungkookနောက်ကျသွားပြီ။Jungkookမှာလက်ထပ်ရတော့မည်မလား....Taehyungကိုချစ်မိနေပြီဆိုတာကိုလူမသိသူမသိနှင့်ပင်ဇာတ်သိမ်းသွားရတော့မည်။ထိုအဖြစ်ကိုJungkookသိပ်မုန်းပါသည်။တစ်နေရာရာကိုလည်းပြေးသွားချင်မိပါသည်။ဘာကြောင့်များဒီလိုတွေဖြစ်နေရတာလဲဆိုတာကိုပဲရေရွတ်နေမိတော့သည်။
YOU ARE READING
Marry Me
Fantasyဘာလို့လဲ...မဖြစ်နိုင်ရင်လည်းရှေ့ဆက်မတိုးနဲ့လေ..အခုလိုဖြစ်လာဖို့ဘယ်သူမှမရည်ရွယ်ဘူး.....တူတူရင်ဆိုင်ကြမယ်လို့မပြောပါနဲ့!!ခံနိုင်ရည်မရှိတော့ပါဘူး။