Taehyungကျောင်းဆင်းချိန်ဖြစ်သည်။မထင်မှတ်ဘဲမိုးရွာလာ၍ကျောင်းအောက်ကအမိုးတွင်ရပ်နေမိလေသည်။
ထိုအချိန်"Tae Tae !!"အသံစူးစူးနဲ့အော်နေသောကောင်လေးအားနောက်လှည့်ကြည့်စရာမလိုအောင်ပင်Taehyungသိနေပါသည်။သူ့ရဲ့soulmate Jiminပင်ဖြစ်လိမ့်မည်။"အေး..ပြောလေJiminnieရဲ့!!"Taehyungလည်းJiminရဲ့နားနားကပ်ပြောလိုက်သည်။အနည်းငယ်ကျယ်သွားသောကြောင့်Jiminလည်းသူ၏နားကိုပွတ်ရင်း"မင်းထီးမပါလာဘူးမလား?"Jiminမှမေးလိုက်သည်။"ဟုတ်တယ်"Taehyungလည်းမိုးရေထဲလက်ကလေးထုတ်ကာပြောလိုက်သည်။"ငါနဲ့သွားမလား?Tae Tae"Jiminမှအိမ်ပြန်ရန်ခေါ်နေခြင်းသာ.."ဟင့်အင်း..ရတယ်!မင်းကျူရှင်ရှိသေးတယ်မလား"Taehyungလည်းမိုးတိတ်မှပြန်မည်ဟုသာJiminကိုပြောလိုက်ရသည်။
အမှန်တော့Taehyungမိုးရေထဲဆော့ကစားချင်နေသည်သာ...ထို့နောက်Taehyungမိုးရေထဲထွက်လိုက်လေသည်။10 minsအကြာတွင်Taehyungမေ့လဲတော့မည့်အတိုင်းရော့ရံရဲဖြစ်လာလေသည်။တစ်ကိုယ် လုံးဖြူတက်လာပြီးမိုးရေထဲတွင်ထိုင်ကျသွားမိလေသည်။"Taehyung...."အဝေးမှခေါ်လိုက်သောအသံကိုTaehyungကြားနေရပါသည်။သို့သော်လည်းပဲမျက်လုံးမဖွင့်နိုင်တော့...Taehyungဖျားနေသည်။Jungkookလမ်းတစ်လျှောက်လုံးTaehyungကိုကုန်းပိုးပြီးပြန်လာခဲ့လေသည်။အိမ်ပြန်ရောက်ရောက်ချင်းမိုးရေစိုအဝတ်ကိုလဲပြီးTaehyungကိုရေဖတ်တိုက်ပေးလေသည်။Taehyungအလွန်ချမ်းနေပုံပေါ်သည်။
~~Jungkookရဲ့လည်တိုင်ကိုkoalaတစ်ကောင်လိုသေချာဖက်တွယ်ပြီးကိုယ်သင်းနံ့လေးကိုရှုနေလိုက်လေသည်။
Jungkookပျော်ပါသည်။ထိုသို့အမြဲဖြစ်နေပါစေဟုသာဆုတောင်းနေမိသည်။တစ်ဖက်တွင်လည်းညီအကိုလိုမျိုးဆက်ဆံရေးဖြစ်တော့မည်ဖြစ်တော့ကြောင့်Taehyungမျက်နှာအားကြည့်၍လက်ကိုဖယ်ထုတ်မည်လုပ်သော်လည်းပို၍တင်းတင်းကျပ်ကျပ်ပိုဖက်ထားလေသည်။Jungkookစိတ်ခုနေပုံရလေသည်။အနာဂတ်အတွက်စဥ်းစားရင်းပိုခက်လာလိမ့်မည်။သို့သော်Jungkookသည်ခေသူမဟုတ်..
Tahyungကိုလည်းတင်းကျပ်စွာဖက်ထားလိုက်ရင်းလည်ပင်းကိုMarkလေးမှတ်ပေးလိုက်လေသည်။အသားဖြူသောTaehyungအဖို့အနီစက်များမှာအထင်းသား...
YOU ARE READING
Marry Me
Fantasyဘာလို့လဲ...မဖြစ်နိုင်ရင်လည်းရှေ့ဆက်မတိုးနဲ့လေ..အခုလိုဖြစ်လာဖို့ဘယ်သူမှမရည်ရွယ်ဘူး.....တူတူရင်ဆိုင်ကြမယ်လို့မပြောပါနဲ့!!ခံနိုင်ရည်မရှိတော့ပါဘူး။