ရုံးချိန်း ပထမရက် ...
"သုံးရက်တောင် ကြာမှာပေါ့ အဲ့ဒါဆို"
Wooyoung အသံပင်။ စခန်းမှူး Jongho က မပြီးနိုင် မပြတ်နိုင်သော ရုံးချိန်းအကြောင်း Yeosang နဲ့ Wooyoung ကို ပြောပြနေသည်။
"အင်း ... ဒီလောက် သက်သေထင်ရှားနေတာကို ဟိုလိုဝေ့လိုက် ဒီလိုဝိုက်လိုက်နဲ့ ... အထက်ကလူတွေ ဘယ်လောက်တောင် စားထားလဲမသိဘူး ... စိတ်ပျက်တယ်"
Jongho ညည်းတွားလိုက်သည်။ ထိုစဥ် အရာရှိတစ်ယောက် ရောက်လာပြီး
"စခန်းမှူး ... ကျွန်တော်တို့ Kevin ကို အချုပ်ထဲ ပြန်ပို့ပြီးပါပြီ"
"ကောင်းပြီ ... လာတွေ့တဲ့သူ ရှိသေးလား"
"မရှိပါဘူး"
"ကောင်းပြီ ... သွားလို့ရပြီ"
"ဟုတ်"
သူပြောလိုက်တော့ Wooyoung က
"Erika က လာမတွေ့ဘူးလား"
မတွေ့ဘူးဆိုပြီး Jongho ခေါင်းသာ အသာခါလိုက်တော့သည်။
_________________________________________ရုံးချိန်း ဒုတိယရက် ...
Jongho တော်တော်ပေါက်ကွဲနေပြီ ဖြစ်သည်။ သူတို့တင်ပြချက်တွေကို နည်းမျိုးစုံနဲ့ ရှောင်ရှားသည်။ တစ်ဖက် ရှေ့နေရဲ့ ပါးနပ်မှုကြောင့် သက်သေဗီဒီယိုကိုပင် ကြိုတင်ကြံစည်မှု၊ ချောက်တွန်းမှု၊ အသရေဖျက်မှု ဆိုပြီး စွဲချက်တွေတောင် ပြန်တင်ပြလိုက်သေးသည်။
"တောက် ... တော်တော်လွန်နေပြီ ... Kevin ခင်ဗျားလုံးဝမလွတ်စေရဘူး"
ထိုစဥ် Hongjoong ဆီမှ ဖုန်းဝင်လာသည်။
"Hello"
"ကျွန်တော်အခုလာခဲ့မယ်"
ပြောပြီး Hongjoong နဲ့ ချိန်းထားရာနေရာသို့ ကမန်းကတန်း ထွက်လာခဲ့သည်။
"Hongjoong"
"Jongho"
သူ Hongjoong ထိုင်နေရာ နေရာသို့ လျှောက်လာခဲ့သည်။ Hongjoong ကို အကဲခတ်လိုက်တော့ မျက်နှာသိပ်မကောင်း၊ လက်တွေကလည်း တုန်နေသည်။
"အဆင်ပြေရဲ့လား"
"မပြေဘူး ... ငါတို့ မင်းအိမ်ကို သွားရအောင်"
YOU ARE READING
Everything I do, I do it For You (Unicode Only)
Romanceမတူညီတဲ့ မျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ သီအိုရီ မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်... အစဥ်အလာတွေကို ချိုးဖျက်ပြီး လျှောက်တဲ့လမ်းက အမြဲခယောင်းလမ်းပဲ ဒါပေမယ့် မြတ်နိုးရသူနဲ့သာ အ...