(Unicode)
3ရက်ကြာပြီးနောက်...!
အိမ်ထဲသို့BMWကားလေးတစ်စီးဝင်လာသည်...
ဦးလေး ဦးလေး ဦးလေးရေ ......ကျစ် ငါခေါ်နေတာမကြားရအောင်ဘယ်သွားနေကြလဲ..,တောက်စ်...!
အောက်ထပ်မှာလူသံကြားသလိုလိုပဲ
လူရောက်နေတယ်ထင်တယ်ဘယ်သူများလဲဦးလေးကလဲစျေးသွားတယ်...ငါပဲသွားဖွင့်လိုက်ပါမယ်လေလာပြီ....လာပြီ..!
Saint တစ်ယောက်အပြင်ဘက်ကအော်ခေါ်သံကြားသည်နှင့်အိပ်ရာမှကမန်းကတန်းထ၍အောက်ထပ်သို့ဆင်းလာခဲ့သည်....
ဘယ်သူလဲနဲ့တွေ့ချင်လို့လဲခင်ဗျ....!
ငါ့အိမ်ငါပြန်လာတာမင်းကဘာကိစ္စမေးနေရတာလဲ....
ဗျာ...! ဟို...ဟို
အကိုက Perth Tanapon လားခဗျ
အေး...ဟုတ်တယ်
အာ...အကိုကကျွန်တော့်အသက်သခင်ကျေးဇူးရှင်ပဲဟိုဦးပြောလို့သိပြီးပါပြီအကို့ကိုကျွန်တော်မမြင်ဖူးလို့မသိတာပါစိတ်မဆ်ိုးပါနဲ့နော်...Saintတယောက်မျက်နှာငယ်လေးနဲ့ပြောနေသည်ကိုPerthကြည့်ရင်းအသဲယားလာကာပါးကိုဆွဲညစ်လိုက်မိသည်....
အို....Sorry ကွာကိုယ်မင်းကိုကြည့်ရင်းအသဲယားလာလို့..,အာ...ဟုတ် ဟုတ် ရပါတယ်ခင်ဗျ!
Saintလဲမျက်နှာပူနေမိသည်သူလိုယောကျာ်းလေးတယောက်ကပါးကိုဆွဲညစ်ခံရတယ်ဆိုတာဘဝမှာပထမဆုံးပင်...
Perth,လဲရှက်ပြီးအပေါ်တက်သွားသည့်အကောင်ပေါက်လေးကိုကြည့်ရင်း...မင်းကိုကိုယ်ပိုင်ဆိုင်ချင်မိနေပီကလေးလေးရေ.....Saintတယောက်Perthတို့စံအိမ်ကိုရောက်တာ၁ပတ်တောင်ပြည့်တော့မည်...
Perthကsaintကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေသည်ကိုsaintသိသည်....ထိုကြောင့်သူperthနှင့်မျက်နှာချင်းမဆိုင်ချင်လောက်အောင်မျက်နှာပူမိသည်....
မင်းကိုယ်နဲ့အခုတလောမျက်နှာချင်းမဆိုင်ဘူးနော်......ဘာလို့လဲ!
အာ...မဟုတ်ပါဘူးဗျကျွန်တော်လေအကို့ကိုခွင့်
ရောအကူညီရောနှစ်ခုလောက်တောင်းလို့ရမလား....
အင်း....ရတယ်လေကိုယ်ကူညီနိုင်တာဆိုကူညီပါ့မယ်!
ကျွန်တော်အလုပ်လိုချင်လို့သူများအိမ်မှာကပ်နေပြီးစားနေရတာကိုယ့်ကိုယ်ကိုမသတီဘူးစားလဲမဝင်ဘူးအဲ့ဒါကြောင့်အကိုအလုပ်လေးများရှိမလားဟင်.....
Perth လဲဘာပြောရမှန်းမသိ...ဒီကောင်လေးကိုအဆုံးရှူံးမခံနိုင်လောက်အောင်သံယောဇဥ်ဖြစ်မိနေသည်မှာအမှန်ပင်...!
YOU ARE READING
You're Mine 🖤❤️ (U+Z)
Romance"Perth Tanapon"(Uni) ကမ္ဘာ့ထိပ်တန်းဝင်ကုမ္ပဏီရဲ့CEO တစ်ဦးဖြစ်ပြီး အလုပ်ကိုသာဦးစားပေး၍အချစ်ရေးကိုဘေးချိတ်ထားတတ်ပြီးဒေါသအလွန်ကြီးတတ်သူ "Saint Suppapong" ငယ်ငယ်ထဲကမိဘမဲ့ဂေဟာတွင်ကြီးပြင်းခဲ့သူ မွေးစားမိဘများရဲ့သဲသဲတုန်အောင်အချစ်ခံရပြီး အမွေေတွကြောင့်...