Part 4

833 62 2
                                    

[Unicode]

"မနက်ရောက်သော်......

"နေရောင်ခြည်ရဲ့စူးစူးအထိတွေ့ကPerthရဲ့မျက်နှာပေါ်သို့တိုက်ရိုက်ထိတွေ့လျှက်....

"ဒေါက်.....ဒေါက်....ဒေါက်!

"ဝင်ခဲ့......!

"သခင်လေးမနက်စာအဆင်သင့်ဖြစ်ပါပြီ.....

"ကောင်းပြီ.....ကျွန်တော်အောက်ဆင်းခဲ့မယ်..

"ဒါနဲ့......ဟိုကောင်လေးရော..?

"မနက်ထဲကဦးမိုးမတွေ့သေးတာအခုထိပဲသ​ခင်လေး.....

"ဘာ...ဘာပြောတယ်...မနက်ထဲကမတွေ့ဘူးဟုတ်လား...ဦးမိုးတ်ို့ကမရှာဘူးလားလူတစ်ယောက်လုံးကြီးပျောက်သွားတာကို......

"ဦးမိုးအခုရှာလိုက်ပါ့မယ်သခင်လေး.....မင်းဝေနဲ့ကိုခိုင်ရေဟိုဧည့်သည်ကောင်လေးကိုသွားရှာရမယ်အဆင်သင့်လုပ်ထားလိုက်တော့.....

"နေဦး"....

ဘာများလဲ...သခင်လေး!

"ကျွန်တော့်အတွက်ဆေးတမျိုးဝယ်ပေးရမယ်ဘယ်သူ့မှသိလို့မဖြစ်ဘူး...ဦးမိုးနဲ့ကျွန်တော်ပဲသိပါစေ....ကျွန်တော်စာရေးပေးလိုက်မယ်အဲ့ဆေးဝယ်ပြီးတာနဲ့ပြန်လာခဲ့လိုက်ကောင်လေးကိုကျွန်တော်ကိုယ်တိုင်ရှာမယ်....ဦးမိုးရှာစရာမလိုဘူး...

"ကဲ...ဦးမိုးကိုကျွန်တော်ဝယ်ခိုင်းတဲ့ဟာပဲသွားဝယ်လိုက်....ဟုတ်ကဲ့သခင်လေး

"ဦးမိုးအခန်းထဲကထွက်သွားသည်နှင့်Perthမဲ့ပြုံးတချက်ပြုံးပြီး....ကောင်လေးမင်းမကြာခင်ကိုယ့်အပိုင်ဖြစ်လာတော့မှာ.....

"Perth တစ်ယောက်ရေချိုးသန့်စင်ပြီးသည်နှင့်အဝတ်စားများကပြာကယာလဲကာအောက်ထပ်သို့...ဆင်းလာစဥ်!

"ကျွီ.....

"အိမ်ထဲသို့အသံတိတ်ညင်သာစွာဝင်လာသောဖြူဖြူလုံးလုံးကောင်လေးအားPerthလှေကားပေါ်မှကြည့်ပြီးလှမ်းပြောလိုက်သည်.....

"ကောင်လေးမင်းဘယ်သွားနေတာလဲ...

"Saintလဲလန့်ဖြန့်သွားပြီးငေါင်တောင်ကြီးရပ်ကြည့်နေလေသည်.....ကိုယ်မင်းကိုမေးနေတယ်လေ!ဘာရပ်လုပ်နေတာလဲကိုယ်မေးတာမဖြေပဲ....

You're Mine 🖤❤️ (U+Z)Where stories live. Discover now