IWLA EP(1)

351 25 1
                                    

Zawgyi

*ငါတို့ထပ်ချစ်ခဲ့ကြရင် ​နောက်တစ်ခါထပ်ပြီး မင်းကိုလက်မလွှတ်​တော့ဘူး*

*ငါးနှစ်*
*မင်းသတိ​မေ့​နေတာ ငါးနှစ်​တောင်ရှိပြီ Kai*

"Good Morning Kai''

*ဒီ​နေ့​လည်း ကိုယ့်စကား​တွေကို ပြန်​ဖြေမယ့်သူမရှိပဲ ကုတင်​ပေါ်မှာလဲ​လျောင်း​နေတဲ့မင်းကို တစ်​ယောက်တည်း စကား​တွေ​ပြော​နေမိတယ်*

*​နေ့တိုင်း မင်းကို​နှုတ်ဆက်ပြီးရင် လုပ်ရမယ့်ကိုယ့်တာဝန်​နောက်တစ်ခုက မင်း​လက်​ရေးလှလှ​လေး​တွေနဲ့ ​ရေးထားတဲ့မင်းရဲ့Dairyစာအုပ်​လေးကိုဖတ်ရတာပဲ*

~~~~~If We Love Again~~~~~

*ငယ်စဉ်ကတည်းက ကျွန်​တော့်ကိုအချိန်မ​ပေး ဂရုမစိုက်တဲ့မိဘ​တွေ​ကြောင့် ကျွန်​တော်ရင်ဖွင့်ရာက Dairyစာအုပ်​လေးသာဖြစ်ခဲ့တယ်*

*ကျွန်​တော်ငယ်ငယ်ကတည်းက စာကြိုးခဲ့တယ် ကျွန်​တော့်မိဘ​တွေဂုဏ်ယူ​စေချင်လို့ ဒါ​ပေမယ့် ​ကျောင်းဆု​​ပေးပွဲတိုင်း ​​ရောက်လာခဲ့တာက ကျွန်​တော့်မိဘ​တွေအစား ကျွန်​တော်ငယ်စဉ်ကတည်းကထိန်း​ပေးတဲ့ အ​ဒေါ်ကြီးဖြစ်​နေခဲ့တယ်*

*ဒါ​ပေမယ့် ကျွန်​တော်စိတ်မပျက်ခဲ့ဘူး အလုပ်မအားလို့​နေမှာပါလို့ ​ဖြေသိမ့်ခဲ့တယ် အဲ့ဒီ​နေ့မတိုင်ခင်ထိ​ပေါ့*

*အဲဒီ​နေ့က ကျွန်​တော့်​16ပြည့်​မွေး​နေ့ ထူးထူးခြားခြား ကျွန်​တော့်မိဘ​တွေ​ရောက်လာခဲ့တယ် ကျွန်​တော့်​မွေး​နေ့မှာ အတူတူရှိ​ပေးဖို့ထင်ခဲ့တာ ကျွန်​တော်ထင်တာမှားသွားတယ် *

*အ​မေရိကကိုပညာ​တော်သင်သွားတဲ့ အ​ကြောင်းပြချက်​မေး​တော့ ဘာမှပြန်​ဖြေမလာခဲ့ကြဘူး ကျွန်​တော်လည်း ထို​နေရာက ထွက်လာခဲ့တယ် မာမီနဲ့ဒယ်ဒီစကားသံကြားလို့ ပြန်လှည့်လာပြီး ကွယ်​ရာက​နေ နား​ထောင်ခဲ့တယ်*

*သူ့ကို​မွေးကို​မ​မွေးခဲ့သင့်တာ ဂြိုလ်ဆိုးပဲတဲ့*

*ကျွန်​တော်ကိုယ့်နားကို​တောင်မယုံကြည်ခဲ့ဘူး မိဘ​အရင်း​တွေက ကိုယ့်သားသမီးကို အဲ့လို​ပြောရက်သလား*

If We Love AgainWhere stories live. Discover now