Unicode.........
1932 ခုနှစ်, November 19 (ကိုလိုနီခေတ်)
************************************အဝါရောင် ခပ်မြမြအလင်းရောင်လေး ထိန်သာနေတဲ့ မြေအောက်ခန်း တစ်ခုမှာ 23 နှစ်အရွယ် Birthday boyတစ်ယောက် လှပတဲ့အပျော်မယ်တွေကြားမှာ ခပ်မော်မော်မျက်နှာထားနဲ့ ရှိနေတယ်။
သူက.... .....ခွန်းသစ်.....။
သူရောက်ရှိနေတဲ့နေရာက "မြကြာဖြူ " အဆောင်...။
"မြကြာဖြူ "အဆောင်ဆိုတာ အပြင်ပန်းကကြည့်ရင် တည်းခိုစရာ နေရာတစ်ခုဆိုပေမယ့် တကယ်တော့ မြေအောက်ခန်းက ငရဲနိဗ္ဗာန်ဘုံ ဆိုတာ လူတိုင်းသိတယ်။
ဟုတ်တယ်....ငရဲ..တဖြစ်လဲ နိဗ္ဗာန်ဘုံ...။
ကိုလိုနီခေတ်ရဲ့ ဆင်းရဲတဲ့သူတွေအတွက်ငရဲ။
အင်္ဂလိပ်တွေနဲ့ အဆက်အဆံရှိပြီး ချမ်းသာတဲ့ သူတွေအတွက် နိဗ္ဗာန်ဘုံ။
"မြကြာဖြူ"ဆောင်မှာ ချမ်းသာတဲ့သူတိုင်းအတွက် အရာရာ လုပ်ပိုင်ခွင့်ရှိတယ်။ အပျော်အပါးနဲ့ယစ်မူးဖွယ်ရာတွေက အပြည့်နဲ့ပေါ့....။
ကိုလိုနီခေတ်ရဲ့ ချမ်းသာသူတွေသာ တက်ရောက်ခွင့်ရှိတဲ့ ကောလိပ်ကျောင်းတွေ တက်ပြီး အပျော်အပါးတွေမှာ လိုက်ပါစီးမြောနေသူကြား ဦးခွန်သာရဲ့သား ခွန်းသစ်ကထိပ်ဆုံးက ....... ။"Hello........Happy birthday...Khon Thit"
အပျော်မယ်တွေနဲ့ ကျီစယ်နေစဉ် ထွက်ပေါ်လာတဲ့ အသံက ခွန်းသစ်ရဲ့ ကျောင်းနေဖက် "သူရ" ..။
"အဟက်.."
ခပ်ပွပွ ရှပ်ဖြူနဲ့ ပိုးချည်ဘောင်းဘီခပ်ပွပွ ဝတ်ဆင်ထားမှုက ကိုလိုနီခေတ်ရဲ့ အဆင့်အတန်းမြင့်သူအဖြစ် ပေါ်လွင်နေရုံမက သူ့ရဲ့ ဇင်ရော်တောင် မျက်ခုံး တစ်ဖက်ကို ပင့်တင်လိုက်ရင်း ခပ်သဲ့သဲ့ ရယ်မောသံက အလွန်တရာ မောက်မာတဲ့ ခွန်းသစ်ပဲ။
"မင်း...ဘာလို့ရယ်တာလဲ..ခွန်းသစ်?
"သူရ!.
ငါနဲ့ပေါင်းလာတဲ့ တစ်လျှောက်လုံး ဒီတစ်ခါမှမင်းရဲ့လေသံကနဲနဲဘိုဆန်လာတာကွာ..ဟဟား"(ခ်ခ်..ခ်ခ်......) ³
လူတကာအပေါ် ခနဲ့တဲ့တဲ့ ဆက်ဆံတတ်တာ ခွန်းသစ်ရဲ့ Styleဆိုတာ လူတိုင်းသိတယ်။
ဘေးက အပျော်မယ်တွေကပါ လိုက်ရယ်တဲ့အထိ လှောင်ပြောင်ခံရပေမယ့်.......ဒီကောင်တွေက ခွန်းသစ်ဘေးကနေ ဘယ်တော့မှ ထွက်ခွာမသွားဘူး....။
သိပ်ပြီး သစ္စာရှိလွန်းလို့တော့ ဘယ်ဟုတ်မလဲ....!!
သူတို့က Parasiteတွေ...........။

BINABASA MO ANG
Owner (ရပ်နား)
FantasySecond bl OC Fiction 🖤 Unicode.......👇 ကြောင်မချစ်တတ်ပေမယ့် မထင်မှတ်ပဲ ကြောင်တစ်ကောင် ပိုင်ဆိုင်လာရတဲ့ကောင်လေး - "ဘုန်းခန့်မင်းပိုင်" ကျိန်စာတစ်ခုကြောင့် နှစ်ပေါင်း100ကျော် ကြောင်အဖြစ် ရှင်သန်ခဲ့ရတဲ့ ကောင်လေး - "ခွန်းသစ်" Zawgyi.......👇 ကြောင်...