Chapter-4 🐈

321 22 2
                                    

Unicode.........

တီ_တီ...!!

အိမ်ရှေ့ကားရပ်ပြီး ဘုန်းခန့် ဟွန်းတီးလိုက်သည်။

"ဟော...သားဘုန်းက ဟွန်းတွေဘာတွေတီးလို့ဆို ဧည့်သည်ပါလာတာကိုး"

ဒေါ်ခင်ဇူးမေ ပျာပျာသလဲ ထွက်ကြိုသည်။

"ဟုတ်တယ်...အန်တီ။
လူကြီးတွေ စိတ်အနှောက်အယှက်ဖြစ်အောင် ကိုခန့်က ဘာလို့ဟွန်းတီးမှန်းမသိဘူး"

"သားက သူ့ကောင်မလေးကို ကြွားချင်လို့နေမှာပေါ့သမီးရယ်..."

"အန်တီကလဲ..."

ဒေါ်ခင်ဇူးမေနဲ့ ခက်တို့ ‌မြင်မြင်ချင်းပဲ ဖော်ဖော်ရွေရွေနှုက်ဆက်စကားပြောကြသည်။

"အန်တီတို့အတွက် သမီးမုန့်တွေဝယ်လာတယ်"

"အားနာလိုက်တာ သမီးရယ်။
ဒီတိုင်းလာလဲ ဖြစ်ပါတယ်ကွယ်။"

ခက်ပေးတဲ့မုန့်တွေကို ဒေါ်လွေးထံ လက်ပြောင်းလိုက်ပြီး
ခက်ကို အိမ်ထဲခေါ်လိုက်သည်။

"လာ..သမီး"

"ခက်..လာ"

ခက်က ကမ်းပေးတဲ့ ဘုန်းခန့်လက်ကို မကိုင်ပဲ ပြောလိုက်သည်။

"ကိုခန့်..ကားထဲကhoneyကိုခေါ်လာပေးနော်"

ပြောပြီးအိမ်ထဲဝင်သွားတဲ့ ခက်ကို ကြည့်ရင်း ဘုန်းခန့် ကြောင်တောင်တောင်ရပ်နေပြီးမှ ကားထဲမှာ အိပ်ပျော်နေတဲ့ အကောင်ကို ဖွင့်ကြည့်လိုက်သည်။

"စိတ်ထိန်း...ဘုန်းခန့်...ဟူး"

လေပူတစ်ချက် မှုတ်ထုတ်ပြီးမှ ကြောင်ရဲ့ဂုတ်ကနေ ဖမ်းကိုင်ခဲ့လိုက်တယ်။အဲ့တော့မှ ခွန်းသစ် နိုးလာပြီး

(မသာကြီး...ဘယ်လိုတွေလာကိုင်နေတာလဲ!)

ကြောင်လေးကတော့ ယက်ကန်ယက်ကန်နဲ့ ပါလာရောပေါ့။
ဘယ်ရမလဲ။
ခက်ရှေ့ရောက်မှ ဘုန်းခန့်ညင်ညင်သာသာလေး ပြန်ပွေ့လိုက်တယ်။
ကြောင်ကလည်း နားလည်နေသလို ခက်ဆီကိုအမြန်ပဲပြေးသွားတော့တယ်။

"အမယ်လေး...Honeyလေးပြေးလာတာသွက်နေတာပဲ"

"ခက်ရဲ့ကြောင်က ကို့ကိုကြောက်လို့နဲ့တူပါတယ်။
ပွေ့တာတောင်မခံဘူး"

Owner (ရပ်နား)Donde viven las historias. Descúbrelo ahora