2. Inhale sky, Exhale stars [U]

4.6K 531 59
                                    

ရှောင်းကျန့် အထက်တန်းကျောင်းသားဘဝတုန်းက အကျင့်တစ်ခုရှိတယ်။ ရိပေါ်နဲ့ ပတ်သက်သမျှ ဓာတ်ပုံအကုန် folderနဲ့ သက်သက်စီခွဲသိမ်းတတ်တဲ့အကျင့်လေး။

ရိပေါ်တစ်ယောက်ထဲသက်သက်ဆို "ဖြူလုံးလေး🐷🤍"ဆိုပြီးတစ်ခု၊ အတွဲပုံတွေချည်းက"💚❤️"ဆိုပြီး နှစ်ယောက်သား အကြိုက်ဆုံးအရောင်လေးနဲ့။

အဝေးကနေ မသိအောင်ဖြစ်ဖြစ် သိအောင်ဖြစ်ဖြစ်ရိုက်ထားတဲ့ပုံတွေဆို "ဝက်ကလေးရဲ့candid" ဆိုတဲ့ နာမည်နဲ့သိမ်းထားပြီး သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံဆို "ကျက်သတုန်းများနှင့်တကွ ကျနော့်ချစ်သူလေး" ဆ်ုပြီး folderတွေ အများကြီး အများကြီး ခွဲတယ်။

နေ့တိုင်းတွေ့နေရတာတောင် သူ့မှာ ငုံထားမတတ်ချစ်နေရတာ။ တစ်နေ့တစ်နေ့ ဒီမျက်နှာလေးကို တမြတ်တနိုး အလွတ်ရတဲ့အထိ ငေးကြည့်လိုက်၊ စိုက်ကြည့်လိုက်။ စိတ်မထိန်းနိုင်တော့တဲ့အခါ ပါးဖာင်းဖောင်းလေးတွေထဲ သူ့နှာတံတစ်ခုလုံး နစ်ဝင်သွားအောင် အားရပါးရ ဖိကပ်နမ်းပစ်ခဲ့တာ။

ညဘက်ရောက်ရင် တစ်နေ့တာရိုက်ခဲ့သမျှ ပုံတွေ အကုန် folderတွေထဲ ထည့်တယ်။ USBနဲ့ချိတ်ပြီး computerထဲ copyကူးတယ်။ အကယ်၍ဖုန်းများပျောက်ပြီး computerများပျက်သွားခဲ့ရင်ဆိုတဲ့အတွေးနဲ့ google accountတွေ ၁၀ခုမကဖွင့်ထားပြီး driveထဲ uploadလုပ်တယ်။

ရူးရတာပါပဲ။ ၅နှစ်ကျော်ကြာခဲ့တဲ့အထိ ဖုန်းတွေလဲခဲ့သည့်တိုင်၊ pcတွေ တစ်ခုပြီးတစ်ခုပြောင်းခဲ့သည်တိုင်အောင် google driveကနေ "Recover This Day"ဆိုပြီး memoryတွေ ပြန်တက်လာရင် သူရင်တွေမွန်းပြီး အောင့်နေရလောက်ထိ၊ ပုံလေးတွေပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိသေးခင်မှာပဲ မျက်ရည်တွေ ဝဲတက်လာတဲ့အထိ။

သူက ရိပေါ်ကို အဲလိုကို စောက်ရမ်းချစ်ခဲ့တာ။

xxxxxxxx

ယောကျ်ားလေးနှစ်ယောက်တွဲနေတာဖြစ်တဲ့အတွက် သူတို့dateလေ့ရှိတဲ့နေရာတွေက သာမာန်သမီးရည်းစားအတွဲတွေလို ပန်းခြံတွေ wonderland, everlandတွေမှာ မဟုတ်ခဲ့ဘူး။

တရားဝင်ချစ်သူတွေဖြစ်ပြီးနောက် နှစ်ယောက်သား ပထမဆုံးသွားတဲ့နေရာက Rider clubဖြစ်တယ်။ ရိပေါ်က ၁၆နှစ်ထဲက ဆိုင်ကယ်လိုင်စင်ရပြီးသား။ ကိုရီးယားလိုင်စင်က နိုရာဘယ်ရဲ့ အပျော်တမ်းကစားပွဲတွေမှာ အကျုံးဝင်တယ်။ ဒီတော့ ရိပေါ်က ကွေ့ပတ်ရှုပ်လိမ်နေတဲ့ဆိုင်ကယ်လမ်းတွေမှာ တရကြမ်းစီးတယ်။ သူကတော့ စင်ပေါ်ကနေ ငုတ်တုတ်ထိုင်လိုက်၊ ထလိုက်၊ အကွေ့ရောက်ရင် "ဆိုင်ကယ်မမှောက်ပါစေနဲ့၊ မမှောက်ပါစေနဲ့"ဆိုပြီး မိုးနတ်မင်းဆီ တိုင်တည်လိုက်နဲ့ ကလေးအမေကြီးလို စိုးရိမ်ပူပန်လိုက်ရတာ။

𝟑 𝐦𝐢𝐧𝐮𝐭𝐞𝐬  𝟓𝟕 𝐬𝐞𝐜𝐨𝐧𝐝𝐬Where stories live. Discover now