5. Belle Epoque, Art Deco [U]

3K 467 50
                                    

ချစ်သူရည်းစားဘဝဆိုတာ အမြဲတစေ အဆင်ပြေနေတာမဟုတ်ဖူး။ အထူးသဖြင့် ဒူးရင်းသီးတွေပေါတဲ့ရာသီမှာ ပိုဆိုးတယ်။

ကျောင်းကနေ တကွေ့ချိုးလမ်းထောင့်လေးမှာ တမြို့လုံးရဲ့ စျေးအသက်သာဆုံးဒူးရင်းသီးဆိုင်ရှိတယ်။ တခြားဆိုင်တွေ တစ်လုံး၁၅ဒေါ်လာနဲ့ရောင်းရင် အဲဒီဆိုင်က တစ်လုံး ၁၂ဒေါ်လာ။ ဆိုတော့ ရိပေါ်တို့ အကြိုက်ပေါ့။

ရိပေါ် ညနေကျောင်းအပြင်ဘက်ထွက်ပြီး စကိတ်စီးလို့ပြန်လာရင် ဒူရင်းသီးတစ်လုံးက အမြဲပါလာတယ်။ အစကတော့ ရှောင်းကျန့်လဲ သည်းခံပါသေးတယ်။ နောက်တော့ ဘယ်လိုမှ အနံ့မခံနိုင်တာနဲ့ သောင်းကျန်းတော့တာပဲ။ ရိပေါ်ရဲ့စားလက်စ ဒူးရင်းသီးတစ်ဝက်ကျန်ကို အမှိုက်တောင်းထဲ သွားထည့်ပစ်တာ။

ကျောင်းက နှစ်ယောက်အခန်းလေးတွေက နကိုထဲကမှ မကျဉ်းမကျယ်လေးတွေ။ ပြတင်းပေါက်က တစ်ဖက်ထဲရှိရတဲ့ကြားထဲ အဲကွန်းခန်းထဲမှာ ဒူးရင်းသီးနံ့ကြီးထောင်းနေတဲ့ကိစ္စက အရှင်လတ်လတ်ငရဲကျတာထက် ပိုဆိုးတယ်။ ရိပေါ်ကို ပြောပြန်ရင်လဲ "ဘာဖြစ်လဲ။ ဒီလောက်မွှေးတာကို"ဆိုပြီးပဲ ပြောနေတာ။ သူကြိုက်မှတော့ သူ့အတွက်မွှေးနေမှာပေါ့။ ဒီသဘောတရားကို ရိပေါ်နားလည်အောင် ရှင်းပြလဲ ရိပေါ်ကတော့ "မကျေနပ် အခန်းပြောင်းအိပ်"ပဲ လာပြောနေတယ်။ "မင်းက တစ်နှစ်လုံးတွေ့နေလို့ရတယ်။ ဒူးရင်းသီးက တစ်နှစ်လုံး မပေါ်ဘူးကွ။ နားလည်လား"ဆိုတာကပါသေး။ ချစ်သူတစ်ယောက်လုံးကို ဘေးနားထားပြီး သူ့ကိုကျော် ဒွေးတော်ဒူးရင်းသီးကို တ,နေတဲ့ ရိပေါ်ကို ရှောင်းကျန့် တကယ်ပဲ စိတ်ဆိုးပါတယ်။

ရှောင်းကျန့်မှာ နံနံပင်တွေ မကြိုက်တာတောင် ရိပေါ်ကြိုက်လွန်းလို့ဆိုပြီး လိုက်စားပေးရတယ်။ ဒီအကြောင်းတွေ ရိပေါ်ကိုပြောပြတော့ "ငါလဲ အစပ်ကြိုက်လွန်းနေတယ်ထင်လို့လား။ မင်းစားလို့ လိုက်စားပေးတာလေ"ဆိုပြီး အပြန်အလှန်ပြောရင်းနဲ့ ရန်ဖြစ်ကြရော။ နောက်တော့မနေနိုင်တဲ့ရှောင်းကျန့်ကပဲ ရိပေါ်အိပ်နေတုန်း ရိပေါ်ကုတင်ဘက်ကိုကူးပြောင်းလို့ ဖြူလုံးလေးကို သူ့ရင်ခွင်ထဲထည့်တယ်။ ရိပေါ်က ပါးစပ်လေး ပွတ်ကျွတ်ပွတ်ကျွတ်လုပ်လို့ အီး အဲနဲ့ ယောင်တယ်။ ခါတိုင်းလိုဆို ချစ်စရာလေးကွာဆိုပြီး အသည်းတွေယားပြီး တစိမ့်စိမ့်ကြည့်နေမိမှာဖြစ်ပေမယ့် ခုတော့ ဒူးရင်းသီးအနံ့က ထောင်းခနဲထွက်လာတာမို့ လန့်ပြီး ရိပေါ်ကို ကုတင်ပေါ်ကနေ ကန်ချလိုက်မိတယ်။ အဲတုန်းက ရိပေါ် ရှောင်းကျန့်ကို တစ်ပတ်တိတိ စကားလုံးဝမပြောပါဘူး။

𝟑 𝐦𝐢𝐧𝐮𝐭𝐞𝐬  𝟓𝟕 𝐬𝐞𝐜𝐨𝐧𝐝𝐬Where stories live. Discover now