Part1

12.7K 464 26
                                    

Zawgyi

ကဗျာဆန်​တဲ့တွဲလက်​ကမှ အချစ်​ရယ်​မဟုတ်​ပါဘူး

မှောင်​မိုက်​ပြီး ခပ်​ညစ်​ညစ်​အခန်းကျယ်​ထဲမှာလည်း

ချစ်​ခြင်း​မေတ္တာသက်​ဝင်​နိုင်​တာမို့

တစ်​​နေ့ ခင်​ဗျားကျွန်​​တော်​ကိုချစ်​လာမှာဗျာ

******************************
မနက်​အလင်း​ရောင်​ကိုကြည့်​ရင်းရိ​ပေါ်တစ်​​ယောက်​အ​တွေးနယ်​ချဲ့​နေသည်​ ကုတင်​​ပေါ်မှမျက်​ရည်​စ​တွေ​နဲ့အိပ်​​ပျော်​​နေတဲ့​ကောင်​​လေးကိုကြည့်​ပြီးသက်​ပြင်းအကြိမ်​ကြိမ်​ချမိ အချိန်​​တွေကို​နောက်​ပြန်​​တွေးမိ​လေ​တော့ရိ​ပေါ်မျက်​နှာတစ်​ခုလုံးတင်းမာခက်​ထန်​လာသည်

လွန်​ခဲ့​သော​လေးနှစ်​က.........

"ကိုကို"
"ကျစ်​Yiboမင်းဘာလာလုပ်​ပြန်​ပြီလဲ"
"ကိုကိုနဲ့ကစားချင်​လို့"
"ငါနဲ့​ဝေး​ဝေး​နေစမ်းကွာ ငါမင်းနဲ့မကစားချင်​ဘူး"
"ကိုကို ကျွန်​​တော်​ကိုမချစ်​ဖူးလားဟင်​ "
"အဟက်​..မင်းကချစ်​စရာ​ကောင်းလို့လား သွားစမ်းပါကွာ"
ကိုကိုနားသွားတိုင်းအမြဲတမ်းနှင်​ထုတ်​ခံ​နေရတယ်​ ကိုကိုဆီကရင့်​ရင့်​သီးသီးစကား​တွေလည်းအမြဲတမ်းကြားရတယ်​ ဒါ​ပေမဲ့ကိုကို့မျက်​နှာ​လေးမြင်​ရရင်​ခံစားရသမျှအကုန်​​ကြက်​​ပျောက်​ဌက်​​ပျောက်​ ​ပျောက်​ကုန်​တယ်
ကျွန်​​တော်​ကကိုကိုမိဘ​တွေ​ကျောင်းထား​ပေးလို့ကိုကိုနဲ့အတူ​ကျောင်းတက်​ရတယ်​ ဒါ​ပေမဲ့ကိုကိုကအမြဲတမ်း​နှိမ်​တယ်​မတူသလိုမတန်​သလိုဆက်​တယ်​ တဖြည်းဖြည်းနဲ့ကိုကို့အ​ပေါ်ချစ်​​နေမိပြီဆိုတာသိလာ​တော့ ကိုကို့ကိုဖွင့်​​ပြောဖို့ဆုံးဖြတ်​လိုက်​တယ်
ကိုကိုနဲ့အတူ​ကျောင်းသွားပြီး​ကျောင်း​ရှေ့​ရောက်​​တော့
"ကိုကို"
"အင်း"
"ကျွန်​​တော်​​ပြောစရာရှိတယ်​"
"မြန်​မြန်​​ပြော အချိန်​မရဘူး"
"ကျွန်​​တော်​...ကျွန်​​တော်​...."
"ကျစ်​​ပြောစရာရှိတာ​ပြောကွ"
"ကျွန်​​တော်​ ကိုကိုကို့ကြိုက်​တယ်​"
"ဟားးး.....ဘာမင်းကငါ့ကိုကြိုက်​တယ်​ဟုတ်​လား ​ယောကျာင်္းအချင်းချင်းကိုကွာ ဘာလဲမင်းကgayလား အဲ့ဒါထားအုန်းမင်းမှာဝင်​​ငွေရှိလား မင်းအဆင့်​တန်းနဲ့ငါ့ကို​ပြောရဲတယ်​​နော်​ ငါ့တိုအိမ်​က​ကျောင်းထား​ပေးလို့တက်​ရတဲ့​ကောင်​ကများကွား သွားစမ်းအ​ဝေးဆုံးကိုထွက်​သွားစမ်းပါ...ငါထပ်​​ပြောလိုက်​အုန်းမယ်​ ငါကမင်း​လိုမ​လောက်​​လေးမ​လောက်​စား​ကောင်​​လေးကိုစိတ်​မဝင်​စားဘူး....အို​ခေမင်းဒိုးလိုက်​​တော့ရိ​ပေါ်"
Xiao Zhan​ပြောသမျှကိုအံတင်းတင်းကြိတ်​ လက်​သီးကိုကျစ်​​နေ​အောင်​ဆုပ်​ပြီး မျက်​ရည်​အဝဲသားနဲ့ကြည့်​ကာ
"ကိုကို အထင်​​သေးတဲ့​ကောင်​ ကိုကိုရွံတဲ့​ကောင်​ ကိုကိုမုန်းတဲ့​ကောင်​ကတစ်​​နေ့ကိုကို့ကိုအပိုင်​သိမ်းပြီး ကိုကို့နူတ်​ခမ်းက​နေချစ်​တယ်​ဆို​ပြောလာတဲ့အထိ ကျွန်​​တော်​ကြိုးစားပြမယ်​ ​စောင့်​ကြည့်​​နေလိုက်​ပါ"
Yiboဆိုတဲ့​ကောင်​က ​ပြောပြီးရင်​ဖြစ်​​အောင်​လုပ်​တတ်​တဲ့လူစားမျိုး အဲ့​နေ့ကရိ​ပေါ်​ကျောင်းမတက်​ဘဲအိမ်​ပြန်​သွားပြီ ​ရှောင်းပါးပါးနဲ့​ရှောင်းမားမားကိုကန်​​တော့ပြီး ကိုယ့်​ဘဝကိုရုန်းမယ်​ဆိုပြီးထွက်​သွားလိုက်​သည်

အမုန်းတို့ဖြစ်​စတင်​​သောအချစ်​ (BDSM🔞⚠)(Unicode + Zawgyi)Where stories live. Discover now