Unicode

1.4K 123 5
                                    

ကျွန်တော်တို့နှစ်ဦးရဲ့ Honeymoon ခရီးစဉ်လေးအတွက် ရှောင်ကျန့်ဆိုတဲ့ ကျွန်တော့ရဲ့ချစ်ခင်ပွန်းက အန်သီဆီယာမြို့ထဲမှာ လုံးချင်းအိမ်လေးတစ်လုံး စီစဉ်ပေးထားသည်။

မြို့ထဲဘက်ကို ကားလေးချိုးဝင်လိုက်တာနဲ့ အလွန်လှပတဲ့ ထင်းရှူးတောတန်းကြီးကို မြင်တွေ့ရပေမည်။ ဘေးဘီဝဲယာက စိမ်းစိမ်းစိုစိုရှိလှတာကြောင့် လတ်ဆတ်သောလေထုကို ပြတင်းမှန်များချကာ ရိပေါ် တဝကြီး ရှူရှိုက်လိုက်သည်။

" ရောက်တော့မှာလား ကိုကို.. "

" အင်း... မကြာခင်ရောက်တော့မယ် "

ကားမောင်းနေရင်းနှင့်ပင် ရှောင်ကျန့်က မိမိဘက်သို့လှည့်ပြီးပြုံးပြလာသည်။ ထိုအခါရိပေါ်လည်း တုန့်ပြန်ပြုံးပြရင်း လက်ထဲက ဘုရားအဆောင်လေးကိုတော့ ကားဒတ်ရှ်ဘုတ်ပေါ် ပြန်တင်ထားလိုက်သည်။

ရိပေါ်သည် သရဲ၊တစေၧများကို အလွန်ကြောက်တတ်သူတစ်ဦးဖြစ်သည် ။ ဒါကြောင့်လည်း ဘယ်ပဲသွားသွား ဘုရားအဆောင်များယူသွားလေ့ရှိသည်။

ဒါကိုရှောင်ကျန့်က နည်းနည်းလေးမှမကြိုက်။ မိန်းမဆန်သည်ဟု ယူဆပြီး သူကိုယ်တိုင်ကလည်း ထိုသို့ ပရေလာကကို အရုံအကြည်မရှိတာမို့ ရိပေါ်မသိခင် ထိုပစ္စည်းများကို တိတ်တဆိတ်လွှတ်ပစ်မည်ဟုသာ ကြံရွယ်ထားလိုက်တော့သည်။

ရိပေါ်သည် ပျော့ပြောင်းသော အညိုရင့်ရောင်ဆံနွယ်များကို ထိုးဖွလျက် ပြတင်းပေါက်မှဖြတ်တိုက်လာသော လေပြေနဲ့အတူ လွင့်မြောစေလိုက်သည်။ လေထုထဲ အနည်းငယ်ရောပါလာသော သဲမှုန်များကြောင့် စူးရှတဲ့ရိပေါ်ရဲ့မျက်ဝန်းများက အနည်းငယ်နီမြန်းလာသယောင်ရှိသည်။

သွယ်လျသောလက်ချောင်းများဖြင့် ရိပေါ်ကိုယ့်မျက်လုံးကိုယ်ပွတ်လိုက်တော့ ရှောင်ကျန့်က တစ်ရှူးထုပ်လေး လှမ်းပေးသည်။ ဘာရယ်မဟုတ်ပေမယ့်.. သူ့ကိုကိုရဲ့ ဂရုစိုက်မှုသေးသေးလေးကပင် ရိပေါ်ရဲ့နှုတ်ခမ်းများကို ကွေးတက်သွားစေသည်။

အတန်ငယ်ကားလေးမောင်းလာရင်း အဖြူရောင် နှစ်ထပ်တိုက်အိမ်လေးသို့ရောက်ရှိလာတော့သည်။ ခေါင်မိုးကို အနက်ရောင်ဆေးချယ်ထားသော အဖြူရောင်တိုက်အိမ်လေးရဲ့နံဘေးမှာ သစ်ပင်ကြီးများက ခြံရံလျက် အလွန်သာယာပြီး နေချင်စဖွယ်ကောင်းမည့်ပုံပင်။

Hunted Honeymoon(One Shot)Where stories live. Discover now