'ကိုကို……'
lavendaပန်းခင်းတစ်ဖက်မှာမိမိကိုအော်ခေါ်လိုက်တဲ့ရိပေါ်ရဲ့အသံကြောင့်ရှောင်ကျန့်ပြုံးလိုက်မိသည်
သို့သော်ရုတ်တရက်တိုက်ခတ်လာသောလေပြင်းကြောင်းlavendaပန်းတွေလေထဲလွင့်သွားပြီးမြင်ကွင်းကိုဖုံးကွယ်သွားသည်
လွင့်သွားသောlavendaပန်းတွေနှင့်အတူပျောက်ကွယ်သွားသောပုံရိပ်ငယ်……
'ရိပေါ်……ရိပေါ်……ကို့ဆီပြန်လာခဲ့ပါ……ကိုတောင်းပန်ပါတယ်……'
အကြိမ်ကြိမ်အော်ခေါ်နေပေမယ့်……
အကြိမ်ကြိမ်လိုက်ရှာခဲ့ပေမယ့်……ပျောက်ကွယ်သွားသောပုံရိပ်ငယ်ကြောင့်ရှောင်ကျန့်ငိုကြွေးနေမိသည်ဟောက်ရွှမ်းကုတင်ပေါ်မှာရုန်းကန်ကာ'ရိပေါ်'နာမည်ကိုအကြိမ်ကြိမ်အော်ခေါ်နေသောရှောင်ကျန့်အားသနားခြင်းမရှိပေ……
'ထိုက်တန်တဲ့အပြစ်ဒဏ်တော့ပေးဆပ်သင့်တယ်မလားရိပေါ်……'
ရှောင်ကျန့်မျက်လုံးဖွင့်လိုက်သောအခါဆီးကြိုနေသောအဖြူရောင်မျက်နှာကျက်ကြောင့်
'ငါမသေသေးဘူးလား…… '
'ခင်ဗျားသေလို့မရသေးဘူးရှောင်ကျန့်……ခင်ဗျားနာကျင်ရတာတွေကရိပေါ်ခံစားခဲ့ရတာတွေကိုမမှီသေးပါဘူး……ဒီလောက်လေးနဲ့သတ်သေသွားရအောင်ခင်ဗျားကသူရဲဘောကြောင်တဲ့သူပဲ……ခင်ဗျားမသေရဘူး……သေရတာလွယ်ပေမယ့်အသက်ရှင်ရက်နဲ့နောင်တတွေ့ပွေ့ပိုက်ပြီးခင်ဗျားနေသင့်တယ်……ခင်ဗျားဘဝမှာအမြဲတမ်းနာကျင်ပြီးခင်ဗျားအသက်ရှင်သွားပါ……လွယ်လွယ်လေးသေချင်ရုံနဲ့ကျွန်တော်ခင်ဗျားကိုမသေခိုင်းဘူး……ခင်ဗျားရဲ့ကျက်သရေမရှိတဲ့မျက်ရည်တွေသုတ်လိုက်စမ်းပါ……အဲ့စောက်မျက်ရည်တွေကြောင့်ရိပေါ်သေရတာ……ခင်ဗျားရဲ့မျက်ရည်တွေကရိပေါ်ကိုသတ်ခဲ့တာ……ခင်ဗျားသိလားရိပေါ်ကသူနာကျင်ရတာတွေထက်ခင်ဗျားမျက်ရည်ကျမှာကြောက်ခဲ့တယ်……ရိပေါ်အကြောက်ဆုံးကခင်ဗျားမျက်ရည်တွေပဲ……'
'ငါ……ငါတောင်းပန်ပါတယ်……'
'hakk……သေသွားလို့အားနာပြီးတောင်းပန်တာလား……တောင်းပန်တယ်ဆိုပြီးအရာအားလုံးပြီးသွားရောလား……ရိပေါ်ရဲ့ခံစားချက်တွေနာကျင်မှုတွေဝမ်းနည်းမှုတွေကခင်ဗျားတောင်းပန်ရုံနဲ့ပြန်ပေးဆပ်လို့ရနိုင်မှာလား……ခင်ဗျားအကြိမ်ကြိမ်တောင်းပန်နေလည်းရိပေါ်အသက်ပြန်ရှင်လာမှာမဟုတ်ဘူး……'
YOU ARE READING
Pandanus
Fanfictionမုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနာကြင်ရပေမယ့် ငါမပြောပါနဲ့လို့မင်းကိုမတားမြစ်ခဲ့ဘူး မင်းငါ့ကိုမုန်းလည်းရတယ် ဒါပေမယ့်မင်းသိထားဖို့ကငါမင်းကိုအရမ်းချစ်တယ် unicode မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနာကြင်ရပေမယ့် ငါမပြောပါနဲ့လို့မင်းကိုမတားမြစ်ခဲ့ဘူး မင်းငါ့ကိုမုန်းလည...