part 27

6.4K 459 13
                                    

pandanus

part27

ရှင်းလီနိုးလာသောအခါမိမိဘေးတွင်ရပ်နေသောရှောင်ကျန့်ကိုတွေ့လိုက်ရသဖြင့်ပြုံးလိုက်မိသည်။

'မောင်…ရှင်းဆီလာတယ်…'

'မင်းကိုယ်မင်းဆင်ဆင်ခြင်ခြင်နေလို့မရဘူးလား…ရိပေါ်ကိုသေစေခဲ့ပြီးအခုရိပေါ်ရဲ့နှလုံးသားကိုပါထိခိုက်အောင်မလုပ်ပါနဲ့တော့…'

ရှင်းလီ…မောင့်စကားကြောင့်ဆွံအနေမိသည်။
နာကျင်နေသောနှလုံးသားကြောင့်မိမိရင်ဘတ်အားထုရိုက်လိုက်မိသည်။မိမိလက်တို့အားတင်းကြပ်စွာဆုပ်ကိုင်လာသောလက်တစ်စုံ

'ရှင်း…တောင်းပန်ပါတယ်…ရှင်း…ရှင်းတကယ်တောင်းပန်ပါတယ်'

'မင်းတောင်းပန်ရမှာငါ့ကိုမဟုတ်ဘူး'

'ရိပေါ်ကိုလား…၁၆နှစ်လုံးအပြစ်မကင်းနေခဲ့ရတာ…ရှင်းဘက်ကိုလည်းကြည့်ပေးလို့မရဘူးလား…၁၆နှစ်လုံးမောင့်ကိုပဲကြည့်နေခဲ့တဲ့ရှင်းကိုကောမောင်မြင်အောင်ကြည့်ပေးလို့မရဘူးလား…ရိပေါ်ကိုမမေ့နိုက်လို့ရိပေါ်နဲ့တူတဲ့သူကိုမောင့်ဘေးမှာထားတယ်ဆိုရင်…တကယ်လို့…တကယ်လို့ရှင်းမျက်နှာသာရိပေါ်နဲ့တူရင်မောင်ရှင်းကိုချစ်လာမှာလား…  '

'မင်း…မင်းဘာတွေပြောနေတာလဲ…'

တဖြည်းဖြည်းနောက်ဆုတ်သွားသောရှောင်ကျန့်ရဲခြေလှမ်းတို့ကြောင့်ရှင်းလီဆေးပိုက်အသွယ်သွယ်အားဖြုတ်လိုက်ပြီးမိမိလက်ကဆေးထိုးအပ်ကိုပါဆွဲဖြုတ်လိုက်သည်။တစက်စက်ကျဆင်းနေသောသွေးစက်တို့ကိုလျစ်လျူရှကာရှောင်ကျန့်ဆီလျှောက်လာပြီးရှောင်ကျန့်လက်ကိုဆုတ်ကိုင်ကာ

'ရှင်းမှာရိပေါ်နှလုံးသားရှိနေတယ်လေ…တကယ်လို့မောင်သာယောကျာ်းလေးတွေကြိုက်တယ်ဆိုရှင်းပြောင်းလဲမယ်လေ…ရိပေါ်နဲ့တူအောင်နေရမယ်လိုလည်းရတယ်… '

'မင်း…မင်းရူးနေပြီ…'

'ဟုတ်တယ်…ရှင်းရူးနေပြီ…မောင့်ကြောင့်ရှင်းရူးနေပြီ…ရှင်းကိုမားလည်းထားခဲ့ကြတယ်…မောင်လည်းထားခဲ့တယ်…ပါး…ပါးလည်းထားသွားတော့မှာ…ဒါကြောင့်ရှင်းဘေးပြန်ပြီရှိနေပေးလို့ရမလား…'

PandanusWhere stories live. Discover now