💛 Once 💙

2.2K 296 85
                                    

[UNICODE]

# Once upon a time

ဟိုးရှေးရှေးတုန်းကပေါ့ ကွယ် ...

သကြားချိုချို လို့ အမည်ရတဲ့ တိုင်းပြည် ကြီး မှာ
Yoongi လို့ခေါ်တဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။

ဘုရင်ကြီးဟာ ချောမောပေမဲ့
ခဏခဏဒေါသထွက်တတ်ကာ
ရက်စက်တယ်လို့နာမည်ကြီးတာကြောင့်
တိုင်းသူပြည်သားတွေကတော့
သူ့ကိုတုန်နေအောင် ကြောက်ကြရတယ်တဲ့

ဘုရင်ကြီးဟာ ငယ်ရွယ်ပေမဲ့
သူချစ်မြတ်နိုးရတဲ့ သူတော့မရှိသေးတာမို့
သကြား တိုင်းပြည်ကြီးရဲ့ ကြင်ယာတော်မိဖုရားနေရာကတော့ လစ်လပ် နေသေးတာပေါ့...

အဲ့တာနဲ့
ကြင်နာတတ်ပြီး အေးချမ်း တဲ့ မိဖုရား မျိုးဆို
တိုင်းသူပြည်သားတွေသဘောကျမှာပဲလို့တွေးမိတဲ့
ဘုရင်ကြီးဟာ သတို့သမီး လောင်း
ရှာဖွေဖို့ ဆုံးဖြတ်လိုက်သတဲ့..

ဘုရင်ကြီး Yoongi
နေ့တစ်နေ့နဲ့ မနက်မှာတော့
သူနဲ့ရင်းနှီးလှတဲ့ မှော်ဆရာ ဆီကို သွားပြီး
အဖိုးအခ အနေနဲ့
စတော်ဘယ်ရီ သုံးခြင်းပေးကာ
သူ့ရဲ့ သတို့သမီး လောင်းကို ရှာပေးဖို့တောင်းဆိုလိုက်တယ်။

စတော်ဘယ်ရီ တော့ ကြိုက်ပြီး
စတော်ဘယ်ရီနဲ့လုပ်တဲ့မုန့်တွေမကြိုက်တဲ့
မှော်ဆရာ လေး ကတော့
စတော်ဘယ်ရီသုံးခုကို ပျော်ရွှင်စွာ ဝါးရင်း
သူ ပိုင်တဲ့ အမှန်တရားပြောတတ်တဲ့မှန်ကြီးကို
ထုတ်လာခဲ့တယ်။

**မှန်ကြီးရေ မှန်ကြီးရေ နေ့ခင်းစာစားပြီးပြီလား.. အဲမှားလို့... ဘာမေးခိုင်းတာ Yoongi ??**

ဒီအစားပဲသိတဲ့ မှော်ဆရာ ကတော့ကွာ!!!

**ကြင်နာရမယ် စိတ်သဘောထားဖြူစင်ရမယ်.. ကမ္ဘာ ပေါ်မှာ ချစ်စရာအကောင်းဆုံး သူ..... **

**သိပြီ သိပြီ.. စိတ်ချ လိုက်ငါ့ကို ယုံလိုက်စမ်းပါ **

ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ချမှု အပြည်နဲ့
မှော်ဆရာဟာ မှန်ကြီးရှေမှာ ခန့်ခန့်ညားညား
ရပ်လိုက်တယ်။

**မှန်ကြီးရေ မှန်ကြီးရေ ဒီကမ္ဘာပေါ်မှာ နတ်သား‌ေလးလိုကြင်နာတတ်ပြီး ချစ်စရာ အကောင်းဆုံး သူလေး ‌ ကဘယ်သူပါ လဲ **

Once upon a time [YM & NJ oneshot]Where stories live. Discover now