ToXic Love 1(Z)
ကောင်မလေး၂ ယောက်ရဲ့ ဇာတ်လမ်းက တောရွာလေး
က အစပြုလေသတဲ့.........ငါ့သကြားလုံးအခု ပြန်ပေး နင်တို့အကျင့်ယုတ်တယ်
ပြန်ပေး ပြန်ပေးအော်ဟစ်ငိုကာ သကြားလုံးလေးတွေကို
ပြန်တောင်းနေတဲ့ ကလေးငယ်တဦးအနားသို့ဝတုတ်တုတ် ကလေးငယ်
လေးတဦးရောက်လာတော့တယ်
နင်တို့ ကလေးအချင်းချင်းအနိုင်
မကျင့်ကြနဲ့လေ
နင်ကဘယ်သူမို့လို့လဲ နင်ကရောလူကြီးမို့လို့လား....လူကြီးမဟုတ်ပေမဲ့နင်တို့ဒီလိုအနိုင်ကျင့်နေကြတာမကောင်းလို့လာပြောတာ သူ့သကြားလုံးတွေ ပြန်မပေးရင် ငါ သူ့မိဘတွေကို သွားတိုင်ပီး ဒီကိုခေါ်လာမယ် ပီးကျ နင်တို့ကိုရိုက်ခိုင်းမှာနော်ပြန်ပေးလိုက်....
နင်တို့တွက်ရော့ ပိုက်ဆံ ဒီထပ်ကောင်းတာ သွားဝယ်စားကြသွားဆိုပြောလိုက်တော့ ကလေး ဆိုး ၄ ယောက်က ထွက်သွားလေပီ....
အခုထိ သူ့သကြားလုံး လေးတွေကိုကြည့်ပီး နှာခေါင်းလုံးလုံး လေးနဲ့ ကလေး မလေးကတော့ ငိုနေဆဲ...
တော်တော့လေ မငိုနဲ့တော့သူတို့သွားပီလေ ငိုနေတာ နှာခေါင်းထိပ်လေးတွေကိုရဲလို့ ယုန်ပေါက်လေးနဲ့တူနေပီသူသကြားလုံးလေးတွေကူကောက်ပေးတော့ကိုယ့်ကိုသေချာကြည့်နေလေရဲ့
သူကဘယ်သူလေးလဲမသိဘူး
ဝတုတ်တုတ်နဲ့ချစ်ဖို့ကောင်းလိုက်တာ
မျက်လုံးအောက်က မှဲ့လေး ၂စက် ကပ်
ပီးအပေါ်အောက်ဖစ်နေတာလေးက
ကြည့်လို့လှလိုက်တာလို့တွေးနေမိတယ်
ကိုင်ကြည့်ချင်နေမိပါရဲ့.....ဟိတ်ဘာလို့စိုက်ကြည့်နေတာလဲ
ရော့နင့်သကြားလုံးလေးတွေကျေးဇူးတင်ပါတယ်ဒါပေမဲ့
နင့်ပိုက်ဆံတွေပါသွားပီငါ့သကြားလုံးတွေလဲနည်းနည်းပါသွားသေးတယ်ကူညီတာကျေးဇူးပဲ ဆိုပီး မျက်ရည်တွေ လည်နေဆဲ မျက်လုံးတွေနဲ့
ရှိုက်ကာပြောလေရဲ့......ဒါနဲ့ နင်ကဘယ်သူလဲဒီမှာနေတာလား
မဟုတ်ဘူး ငါ့အဖွားဆုံးလို့ လာတာအဒေါ်နဲ့