ToXic Love 2

39 7 0
                                    

ToXic Love 2(Z)

ညက အစောကြီး အိပ်ပလိုက်တော့
ဒီနေ့မနက် စောစောနိုးလာခဲ့တယ်
ဟိုကလေး မလေးနဲ့သွားကစားရမယ်

ပျော်ရွှင်စွာထွက်လာပီး တွေ့နေကျ မျက်ခင်းပြင်စိမ်းစိမ်းကြီးမှာထိုင်ကာစောင့်နေမိတယ်........
ကလေး ပေါက်စကတော့ အတော်နဲ့ပေါ်ကိုမလာခဲ့

အတော်နဲ့မလာလို့ သူပြန်ဖို့စဉ်းစား
ပေမဲ့ ပေါက်စအိမ်ကိုသိနေတာကြောင့်
သွားကြည့်ဖို့ ခြေဦးတည့်လိုက်တယ်

ခြံထဲမှာ ကလေးမလေးရဲ့ အမေကို
တွေ့တော့သူကခေါ်လိုက်ရင်း
အန်တီရေ ပေါက်စရှိ အယ်........
သူ့ပါးစပ်သူပိတ်သာရိုက်ချင်တော့တယ် ကလေးမ လေး အမေရှေ့မှာမှ သူသမီးလေးကို ပေါက်စလို့သွားခေါ်မိလိုက် လို့.........

နွယ်လေး အမေက ပြုံးကာ
နွယ်လေးကိုပြောတာလားသမီး သူဖျားနေတာအိမ်ထဲမှာ ရှိတယ် သမီးဆီအတင်းသွားမယ် လုပ်နေလို့ဆူလိုက်တာ အိမ်ထဲမှာ ထိုင်ငိုနေလောက်ပီ လာလေ ဝင်ခဲ့သမီးလေးသူရှိတယ်ဟုတ်ဟုတ်အန်တီ......

ဝင်ဝင်ခြင်းပဲတွေ့လိုက်ပါပီခေါင်းကြီးငုံ့ထားပီ ဝတ်ထားတဲ့အနွေးထည် ကြီးနဲ့ ငိုကာ နှပ်ချေးတွေထိုင်ညစ်နေတဲ့
ကလေးမ........

ဟိတ်.......
ခေါ်တာတောင်ခေါင်းမော့ကြည့်မလာ
နှုတ်ခမ်းကြီးကလဲဆူပုတ်နေရောပဲ
ဒီကလေး အတော်မကျေနပ်နေပုံပေါ်တယ်.....

အဟမ်းးးးနွယ်လေး......
အဲ့တော့မှာ ဆက်ခနဲနေအောင်မော့ ကြည့်လာပါပီ....
ကိုလာလို့ အံ့ ဩနေတဲ့ပုံနဲ့ ပြူးတူးကြောင်တောင်နဲ့ကိုကြည့်နေသေးတာ သူ့မျက်လုံးတွေကိုပွတ်လိုက်
ခေါင်းကိုခါလိုက် လူကို ပြန်ကြည့်လိုက်နဲ့ သူ့မှာ
တယောက်ထဲ အလုပ်ကိုရှုတ်လို့.....

ဘာလို့ငိုနေတာလဲ ပြော နေမကောင်းနေတာကို မငိုရဘူးလေ ခေါင်းတွေကိုက်ကုန်မယ်

ငိုမှာပေါ့ နန်းနဲ့ ဆော့ကြဖို့ချိန်းထားတယ်လေ အဲ့တာ မကစားရဘူးလေ ဝမ်းနည်းပီး ငိုတာပေါ့

အခု မငိုနဲ့တော့ ဒီမှာ အိမ်ထိလိုက်လာပီနော်
နောက်ရက်တွေကျ ဆော့လို့ရတဲ့ဟာကို
ငိုနေလိုက် တာကြည့်အုံး.....

ToXic LoveWhere stories live. Discover now