🍉ကျွန်တော်.....ချစ်သောဖရဲသီး🍉အခါတိုင်း အအိပ်ကြီးသောသားငယ်လေးဒီနေ့ အစောကြီးနိုးနေသည်။နိုးဆို မနေ့က မေကြီးက သူ့ကိုဒီနေ့စျေးခေါ်မယ် ဆိုင်လိုက်ခဲ့လို့ ပြောခဲ့သည်ကိုး။ဒါကြောင့် သူသိပ်ကို တက်ကြွကာ မနိုးစဖူး အစောနိုးနေခြင်းပင်။ကျွန်တော်ကဒီနှစ်နွေရာသီပြီးလို့ နောက်နှစ်စာသင်နှစ်ဆိုရင်ပဲ လေးတန်းတက်ရတော့မည်။
သို့သော် ဒီအရွယ်ထိ စျေးမရောက်ဖူးပါ။မေကြီးက စျေးထဲမှာ ဆန်ဆိုင်ဖွင့်ထားပြီး သူ့ကိုတစ်ခါမှ ပေးမလိုက်ခဲ့။
ဒါနဲ့ သားဘာကြောင့်ဆိုင်လိုက်ရမှာကို ဒီလောက်တက်ကြွနေလဲ သိလား။အဲဒါကလေ....သား တခါမှ စျေးမရောက်ဖူးတာရော နောက်ပြီး မေကြီးနဲ့အတူ ဆိုင်လိုက်ချင်သည်။ကိုကြီးတို့လို မေ့ကို စျေးကူရောင်းချင်သည်။ကိုကြီးတို့ပြောတဲ့.....မေကသူတို့ကျ ဟိုး...ကလေးပိစိထဲက ဆိုင်ခေါ်သွားတာဆိုသောစကားကို မကျေနပ်။သားကျ ဘာလို့မခေါ်လဲဆို
မေကြီးက သားကို အသက်၄၂ မှာမှ မွေးခဲ့တာမို့ အရွယ်လွန်အသက်ကြီးမှ ရသောကလေး သားမှာက မွေးရာပါ ရိုးတွင်းခြင်စီဓါတ်နည်းကာ သွေးအားနည်းရောဂါက တစ်သက်တာအမွှာအဖြစ် ပါလာခဲ့ခြင်း။နောက်ပြီး သားက မေ့နိုချိုလဲ သောက်သုံးခွင့်မရခဲ့။ဒါကြောင့် ပိုးမွေးသလို မွေးခဲ့ရသော သားကို မေကြီး၊ကိုကြီးတို့က နည်းနည်းလေးမှ သေးသေးလေးမှ အထိခိုက်မခံလူပေါင်းစုံ ဆုံရာ စျေးကိုလဲမခေါ်။
အိမ်မှာ သားကိုစောင့်ရှောက်တဲ့ နာနီတီလေးမြင့်ကချစ်စနိုးနဲ့ခေါ်တာရှိတယ် သိလား အဲဒါက နန်းမဆောင်ကမောင်နုတဲ့။ဘာလို့ အဲလိုခေါ်လဲဆိုတော့ သားက နုနုလေးမို့ ချစ်စနိုးခေါ်တာ ပြောတာပဲ။အဟီးသားလဲ စျေးလိုက်ရမယ်ဆိုတာနဲ့ ငယ်ကျိုးငယ်နာတွေ အကုန်ဖော်မိတော့မယ်။အဟမ်း....သားကဒီနှစ် ပြီးရင် အလယ်တန်းရောက်ပြီ
ဆိုတော့ သားက ကလေးမဟုတ်တော့ဘူးမလား။တစ်ခုကျေးဇူးတင်ရမှာက ဒီပိန်သေးသေး ပျော့ဖတ်ဖတ် ကိုယ်လေးက မကြာခနနေမကောင်းဖြစ်တက်တာကလွဲရင် အရပ်ကမေ့အမွေရထားတာမို့ သူများထက် အမြဲကျော်သည်။အခန်းထဲက ရှေ့ဆုံးကကောင်တွေထက် ခေါင်းတစ်လုံးသာနေတဲ့ ဒီအရပ်လေးကိုတော့ သားသိပ်ဂုဏ်ယူသည်။ဒါကြောင့် ဘေးနားမှာ အိပ်နေတဲ့ မေ့ပါးလေးကို ရွှတ်ခနဲ နမ်းပစ်လိုက်တော့ မေကနိုးလာပြီး ပြုံးသည်။
ESTÁS LEYENDO
🍉ကျွန်တော်ချစ်သော...ဖရဲသီး🍉 ကြ်န္ေတာ္ခ်စ္ေသာ...ဖရဲသီး🍉