"ဖိုးဖိုး235 အခုထိ သူ့ကိုမှတ်မိသေးလား?""ဒါပေါ့မြေးလေးရဲ့..အဲ့၇ရက်မြောက်နေ့ကစပြီး အခုထိဖိုးဖိုးနည်းနည်းလေးတောင် မမေ့နိုင်ခဲ့သေးဘူး"
"ကမ္ဘာကိုနောက်တခါသွားခွင့်ရရင်ကော?"
"မသွားတော့ပါဘူး......"
"ဘာလို့လဲဟင်?"
"သူက ဖိုးဖိုးရင်ထဲထာဝရရှိနေမဲ့ သူငယ်ချင်းလေးမို့လို့ပဲ"
သူသင်ပေးခဲ့တဲ့ အပြုံးနုနုကို ဖန်ဆင်းရင်း
အပြာရောင်ကမ္ဘာမြေကြီးကို လှမ်းကြည့်ကာ
အတွေးတို့က ကုန်လွန်ခဲ့ပြီးသော နှစ်ရာချီသို့............................................................
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅သန်းကျော်လောက်က
ကမ္ဘာကြီးနဲ့ ဘေးချင်းကပ်လျက် လည်ပတ်နေတဲ့ အဖြူရောင်ဂြိုလ်သိမ်တခုဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်....အရှင်းဆုံးပြောရရင် ကိုယ်ရောင်ဖျောက်သွား
ခဲ့တဲ့ ဂြိုလ်သိမ်တခုပေါ့။ကမ္ဘာမြေကြီးရဲ့အရောင်က အပြာရောင်ဆိုပေမဲ့ ကမ္ဘာနဲ့ဘေးချင်းကပ် ရှိနေတဲ့ဂြိုလ်သိမ်ကတော့ အရောင်အဆင်းမရှိစွာ အဖြူရောင်တိမ်တိုက်တို့ဖြင့် ဖုံးလွှမ်းထားခဲ့တယ်။
တနည်းအားဖြင့် ထိုအဖြူရောင်ဂြိုလ်သိမ်ကို
Neo planet လို့ခေါ်နိုင်သေးတယ်။ထို Neo planetမှာနေထိုင်ကြတဲ့ သက်ရှိတွေကတော့
သူတို့ရဲ့မူလအသွင်က လူသားမျိုးနွယ်တွေနဲ့တူကြပေမဲ့
wolfတွေလိုအသွင်နဲ့ ရှင်သန်နေထိုင်ကြတယ်.....
ထို့ပြင် လိုသလိုအသွင်ပြောင်းနိုင်ကြတယ်....လူပုံစံနဲ့wolfဆက်ထားတာလို့ပြောရမယ်...
အရပ်ကခုနှစ်ပေနီးပါးနဲ့ အသားအရေကစက္ကူလို ဖြူဖတ်ဖြူရော်ရှိကြတယ်..သူတို့ကို လွယ်လွယ်ကူကူ neo wolf လို့ပဲခေါ်ကြရအောင်......
neoဂြိုလ် တခုလုံးကို ဖျောက်နိုင်တယ်
ဆိုတော့ သူတို့တွေဘယ်လောက်များခေတ်ရှေ့ပြေးနေမလဲ စဥ်စားလို့တောင် မရနိုင်ဘူး?Neo Wolf မှာ၂မျိုးရှိတယ် ထာဝရရှင်သန်နိုင်တာကို harvar လို့ခေါ်တယ် တနည်းအား
ဖြင့် male တွေပါပဲ သူတို့ကထာဝရရှင်သန်မှုရှိကြတယ်....
YOU ARE READING
THE END OF THE WEEK(Completed)
Historia Cortaကမ္ဘာမြေကိုTitaniumရှာဖို့ ရောက်လာတဲ့ ဂြိုလ်သားလေး ဆမ်စ်နဲ့ သိပ္ပံစမ်းသက်ခန်း မှာ စမ်းသက်မှုဆရာဝန်အဖြစ် အလုပ်လုပ်နေတဲ့ လူသားကောင်လေး နာခ်တာ တို့ရဲ့ 7 days(1 week)ကာလတွေ့ဆုံမှုတိုတိုလေးကို တစ်ပုဒ်ထဲနဲ့ သေသေချာချာအချက်အလက်ကျကျ ရေးသားပုံဖော်ထားတာပါ။ ...