One🍓

3.5K 290 23
                                    


♡♡♡

Unicode🥛

မိုးဦးရာသီကို ကျော်လွန်ပြီး ဆောင်းဦးရာသီဖြစ်တဲ့ နိုဝင်ဘာလကိုတောင် ရောက်နေပြီ ဖြစ်တာကြောင့် ဆောင်းလေတွေဟာ တဟူးဟူးနဲ့ တိုက်ခတ်နေပြီး ရာသီဥတုဟာလည်း လေတိုက်ခတ်မှုကြောင့် အေးစိမ့်စိမ့် ချမ်းစိမ့်စိမ့်ဖြစ်လို့နေတယ်။

အဲ့ထဲမှာမှ အမှတ်တမဲ့ ကြည့်လိုက်ရင်တောင် ကျက်သရေရှိလှပြီး မြင်တဲ့သူတိုင်း မနာလိုရ‌လောက်တဲ့အထိ လှပနေတဲ့ ချယ်ရီပင်ကြီး တစ်ပင်ဟာလည်း လမ်းကျဥ်းကျဥ်းအထက်မှာ တစ်ပင်တည်း တည်ရှိနေတယ်။ ဆောင်းလေအေးတွေ တိုက်ခတ်နေမှုကြောင့် ချယ်ရီပန်းပင်ကြီးရဲ့ ပန်းပွင့်ဖတ်လေးတွေဟာလည်း လူသွားလူလာကျဲလှတဲ့ စင်္ကြံန်လျှောက်လမ်းတစ်လျှောက်ရှိ မြေပြင်ပေါ်သို့ လှပစွာပဲ အဆက်မပြတ် ကြွေဆင်းနေကြတယ်။

ထိုကြွေကျနေတဲ့ ချယ်ရီပွင့်လေးတွေပေါ် ခြေချလျက် နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ ကောင်လေး တစ်ယောက်။ သူရဲ့ ညာဘက်လက်မှာ နီညိုရောင် ခရီးဆောင်အိတ်ကြီးတစ်လုံးကို ဆွဲထားပြီး ဘယ်ဘက်လက်မှာကတော့ စက္ကူအပိုင်းအစလေး တစ်ခုကို လုံးချေပြီး ဆုပ်ကိုင်ထားတာ တွေ့ရတယ်။

ထိုကောင်လေးရဲ့ ပုံသဏ္ဍာန်ကတော့ ပျော့ညောင်းတဲ့ ဆံနွယ်အုပ်အုပ်လေးတွေဟာ အမဲရောင်ဖြစ်ပြီး အုန်းမွှေးလုံးလေးနဲ့တောင် တူနေသေးတယ်။ ဖြူဖွေးဝင်းပတဲ့ အသားအရေရှိပြီး အသက်ကလည်း အလွန်ဆုံးရှိ ခန့်မှန်းခြေ ဆယ့်ခုနစ်၊ ဆယ့်ရှစ်လောက် ရှိနိုင်ပြီး။ အရပ်ကတော့ ငါးပေနဲ့ ကိုးလက်မလောက် ရှည်နိုင်တယ်။ ထို့အပြင် ထိုကောင်လေးမှာ ခါးသွယ်သွယ်သေးသေးလေးလည်း ရှိပြီး ဆွဲဆောင်မှုရှိတဲ့ ပိန်ပါးသွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

ထိုကောင်လေးငယ်ရဲ့ မျက်နှာလေးကို ကြည့်လိုက်မယ် ဆိုရင် အထူးခြားဆုံးက ပေါက်စီလုံးလေးတွေ ဖောင်းလုံးနေတဲ့ ပါးနီနီလေးတွေ ဖြစ်တယ်။ နောက် ဘာပစ္စည်းမှမကူဘဲ နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေး၊ အဲ့ နှုတ်ခမ်းဖူးဖူးလေး အောက်မှာမှ မှည့်သေးသေးလေးတစ်ခု ရှိနေသေးတယ်။ ဖြောင့်ဆင်းနေတဲ့ နှာတံနဲ့ နှာခေါင်း လုံးလုံးသေးသေးလေး၊ ပြီးတော့ ဆွဲဆောင်မှုရှိပြီး တောက်ပတဲ့ မျက်ဝန်းညိုညိုလေးရယ်၊ ကော့ဆင်းနေတဲ့ မျက်တောင် ရှည်ရှည်လေးတွေရယ်ကိုလည်း အဲ့ကောင်လေးက မနာချင်စရာကောင်းလှအောင်ပဲ ပိုင်ဆိုင်ထားပြန်သေးတယ်။

𝐇𝐢𝐬 𝐁𝐞𝐥𝐨𝐯𝐞𝐝 𝐋𝐨𝐫𝐝 (𝐔𝐧𝐢+𝐙𝐚𝐰)Where stories live. Discover now