Two🍓

2K 209 34
                                    


Unicode

( ပေါ်ပျောက်လေး ခဏပြန်လာ အပ်ဒိတ်လိုက်ဦးမယ် ဖတ်မယ့်သူမရှိရင် ပြန်ပျောက်တော့မယ် :< )

♡♡♡


တီတီတီ..📱..တီတီတီ

အခြားတစ်ဖက်တွင်လည်း ယွန်းဂီတစ်ယောက် အိပ်နေရင်းနဲ့ ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ ဖုန်းစခရင်ပေါ်မှာ ပေါ်နေတဲ့ နာမည်လေးက “ ဂျွန် ” တဲ့လေ။ ဖုန်းမကိုင်ဖြစ်သေးဘဲ စခရင်ပေါ်မှာ ပေါ်နေတဲ့ ဂျွန်နဲ့သူ့ရဲ့ ပုံလေးကိုကြည့်ပြီး ပြုံးမိတယ်။

တကယ့်ကို ကလေးဆန်ပြီး ကလေးလေးတစ်ယောက်လိုပဲ သိပ်ချစ်ဖို့ကောင်းတဲ့ ဂျွန်ဟာ ပုံထဲမှာလည်း ကလေးလေးတစ်ယောက်လိုပဲ ချစ်စရာကောင်းစွာ ရယ်မောနေခဲ့တယ်။ ဂျွန်က ကျွန်တော့်အတွက်တော့ အရေးပါတဲ့ လူသားလေးတစ်ယောက်ပါပဲ။

အာ~တွေးနေတာနဲ့ ဖုန်းကိုင်ဖို့တောင် မေ့နေပြီ။ တော်ကြာ  ဂျွန်ဆိုးလေးက သူ့ဖုန်းကို ချက်ချင်း မကိုင်ရကောင်းလားဆိုပြီး နှုတ်ခမ်းထော်ပြီး စိတ်ကောက်နေမှ ဒုက္ခပဲ။

“ ဟယ်လို ဂျွန် ဘာဖြစ်လို့.. ”

📱 “ ယွန်းဂီ..! ငါ ဟင့်...ငါ မင်းတို့ကို ဟင့် လိုအပ်နေပြီ ဟင့် ”

* တီ.....! *

ယွန်းဂီဘက်က စကားတောင် ဆုံးအောင်မပြောလိုက်ရသေးဘူး။ ဂျွန့်ဘက်က ငိုရှိုက်ကာ တုန်ရီနေတဲ့ အသံလေးက ထွက်ပေါ်လာပြီး ဖုန်းကို ချက်ချင်းချသွားခဲ့တယ်။

ဂျွန်ဟာ ငိုနေခဲ့သည်ပဲ..။ ဂျွန်ငိုနေတယ် ဆိုတာကို ခေါင်းထဲရောက်မိတော့ ဘာမှထပ်မစဉ်းစားနိုင်တော့ဘဲ ချက်ချင်းပင် အပေါ်က အင်္ကျီတစ်ထည် ထပ်ဝတ်လိုက်ကာ စားပွဲပေါ်က ကားသော့ကိုဆွဲပြီး အောက်ထပ်ကို ပြေးဆင်းလာလိုက်တယ်။

အောက်ရောက်တော့ အိမ်ပေါက်ဝမှာ ဖိနပ်စီးနေရင်းမှ TV ကလာနေတဲ့ သတင်းမှ ဂျွန်အိမ်တော် ဆိုပြီး အသံကြားတာကြောင့် မော့ကြည့်လိုက်တော့ ရေးသားထားတဲ့ စာတန်းကြောင့် လက်ထဲမှကိုင်ထားတဲ့ ကားသော့ပင် အောက်ကို ပြုတ်ကျသွားရတယ်။

ကားသော့သံကြောင့် ဆိုဖာမှာထိုင်ပြီး TVကြည့်နေတဲ့ မားက ယွန်းဂီဘက်ကို လှည့်ကြည့်လာကာ တီဗီအား ပိတ်လိုက်ပြီး သတင်းစာတစ်စောင်အား ကျွန်တော့်ထံ လာပေးတယ်။ ယွန်းဂီလည်း ခပ်မြန်မြန်ပဲ ယူလိုက်ပြီး ကြည့်လိုက်တော့ ထိပ်ဆုံးကနေထင်းနေတဲ့ စာတန်းတစ်ခု။ အဲ့စာတန်းကို ဖတ်ပြီးတာနဲ့ ယွန်းဂီရဲ့မျက်လုံးထဲ ဝင်လာတာက ဖြူစင်စွာရယ်နေတဲ့ ဂျွန့်ရဲ့ မျက်နှာလေး။

You've reached the end of published parts.

⏰ Last updated: Oct 12, 2023 ⏰

Add this story to your Library to get notified about new parts!

𝐇𝐢𝐬 𝐁𝐞𝐥𝐨𝐯𝐞𝐝 𝐋𝐨𝐫𝐝 (𝐔𝐧𝐢+𝐙𝐚𝐰)Where stories live. Discover now