Unicode
ဒီနေ့ ကျွန်တော့်ရဲ့ 22နှစ်ပြည့် မွေးနေ့...... နေ့အားဖြင့် စနေနေ့......
မွေးနေ့ရောက်တိုင်း မိသားစုစုံညီ ဘုရားလာပြီး မွေးနေ့အလှူလုပ်တတ်တဲ့ ကျွန်တော်တို့မိသားစု၃ယောက်... ဒီနေ့တော့ အလှူလဲမလုပ်နိုင်တဲ့ အပြင် ဖေဖေ၊ မေမေလဲ မပါခဲ့ဘူး။ တစ်ဦးတည်းရှိတဲ့ ဦးလေးက အဖော်လုပ်ပေးလို့ ရောက်လာခဲ့တယ်....... သူလဲ မိသားစု အလုပ်တွေကြားထဲက အချိန်ပေးခဲ့ရတော့လဲ အားနာပေမဲ့ အကူအညီတော့ယူရတာပါပဲ။
အကြောင်းပြချက်ကတော့... သူများအကူအညီမှမယူရရင် နေ့မှန်းညမှန်းတောင် ခွဲခြားမသိနိုင်လောက်အောင် ကျွန်တော့်အမြင်အာရုံတွေက မှောင်မဲနေတယ်လေ။
မိုးကုတ်သူ၊ မိုးကုတ်သား မိဘ၂ပါးဟာ၊ မိုးကုတ်မှာ ကျောက်တွင်းသူဌေးလုပ်ပြီး အေးအေးဆေးဆေး နေလို့ရပါရက်.. အိမ်ထောင်သက် ၅နှစ်ကြာမှ ရလာတဲ့ သားယောကျ်ားလေးကို သူမတူအောင် ထားချင်ပုံပါပဲ... မိသားစုပိုင် ကျောက်တွင်းတွေကို လူယုံလဲဖြစ် အမျိုးလဲတော်တဲ့ ဖေဖေ့ညီ၊ ကျွန်တော့်ဦးလေးကို လက်လွှဲပြီး သူတို့ကတော့ ရန်ကုန်မှာ ကျောက်မျက်ရတနာတွေကို လေလံလဲရောင်း ရတနာဆိုင်တွေလဲဖွင့်ကြတယ်။
လာဘ်ကောင်လေးလို့ဖေဖေခေါ်လေ့ရှိတဲ့ကျွန်တော်က ကျွန်တော့်ကိုမွေးပြီးမှ ကျောက်တွေပိုအောင်လာပြီး စီးပွားပိုတက်လာတယ်ဆိုပြီး ပြောကြတာပဲ။ ကျွန်တော့်အသက် ၁၈ ပြည့်ထဲက ရှိသမျှ စီးပွားရေးနဲ့ အမွေတွေကို ကျွန်တော့်နာမည်နဲ့ လွှဲပေးပြီး ဖေဖေ မေမေတို့က အမွေထိန်းအနေနဲ့ နေခဲ့ကြတယ်.... တချိန် ကျွန်တော် အိမ်ထောင်ပြုရင် ဆက်ခံသူအဖြစ် တရားဝင် လွှဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ။
ပညာအရာမှာ ထူးချွန်စေချင်တဲ့ မိဘ၂ပါးရဲ့ အလိုအတိုင်း ကျွန်တော်ကလဲဖြစ်ခဲ့ပါတယ်။ မိဘအလိုအတိုင်း ဆေးကျောင်းတက်ခဲ့ပေမဲ့... တက်နေရင်းနဲ့ ဆေးပညာရပ်ကို ကျွန်တော်ပျော်မွေ့ခဲ့တယ်။ ကျွန်တော် final part II အောင်စာရင်းထွက်တဲ့ညမှာ တရားဝင်ဒေါက်တာရယ်လို့ ခေါ်ခွင့်ရကြောင်း ပြောတော့ မေမေက ဝမ်းသာဝမ်းနည်းနဲ့ ငိုတောင် ငိုနေခဲ့တယ်.......
YOU ARE READING
ချစ်ခြင်းတို့ဖြင့် ချည်သောကြိုး (ချစ်ခြင်းတို့ဖြင့် ချည်သောကြိုး) One Shot Story
Romancezawgyi တစ်ဘဝလုံးအတွက် ချစ်ခြင်းတွေကို မင်းတစ်ယောက်အတွက်ပဲ ရည်ရွယ်ပါတယ်....... ညီ ထက်ဦးညို ကျွန်တော့်ဘဝရဲ့ မျှော်လင့်ချက် ရှင်သန်ရာ အဖြစ် ဒီလောကမှ...