My Shinning Star (Part 1) Unicode

329 28 10
                                    

My Shinning Star

ခင်ဗျားတို့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ယုံလား..?
ကျွန်တော်ကတော့ မယုံကြည်ခဲ့ဖူးဘူး.. ဒါပေမယ့်။

လူအများရဲ့ပြစ်ပယ်ခြင်းနဲ့ နေသားတကျ နေလာတဲ့ လူတစ်ယောက်ဆီမှာ သိပ်ထူးခြားတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ် ဆိုရင်ရော.. ယုံလား..?

ချစ်ခြင်းတရားငတ်မွတ်သူဆီမှာ သိပ်ကိုများပြားတဲ့ ချစ်ခြင်းတရားတွေရှိနေမှန်း ကျွန်တော် နားလည်ခဲ့တဲ့အခါ..။

ချစ်ခြင်းမေတ္တာဟာ.. တန်ဖိုးကြီးလိုက်တာလို့..ကိုယ့်ကိုကိုယ်ပြောလိုက်မိတယ်...။

တန်ဖိုးဆိုတာ....
ဥစ္စာဓန ၊ ဂုဏ်သရေရှိအသိုင်းအဝိုင်းနဲ့ လုံးဝဆန့်ကျင်စွာပဲ တည်ရှိနေတဲ့ အဖိုးတန်ရတနာဆိုတာကို သူ မီးမောင်းထိုးပြခဲ့တယ်..။

ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်အတွက် အမှောင်ထဲက အလင်းကို ဆွဲခေါ်နိုင်တဲ့ လက်တစ်စုံ လို့သူပြသခဲ့တယ်...။

ချစ်ခြင်းမေတ္တာရဲ့ အတိမ်အနက်နဲ့ နွေးထွေးခြင်း ဘာတစ်ခုမှ ထိန်ချန်မထားပဲနဲ့လေ..။

သူ...ဟာ...
ကျွန်တော့်ဘဝကို အကောင်းအတိုင်းပြုပြင် လမ်းပြပေးခဲ့တဲ့သူ... ။ ဓူဝံကြယ်လိုလူစားတစ်ယောက်။ အများအတွက်ထွန်းလင်းပေးရင်း ကိုယ့်ဘဝကိုယ် ထွန်းတောက်အောင်လုပ်ဖို ့မေ့နေခဲ့သူတစ်ယောက်...။

ကျွန်တော့အတွက်တော့..သူဟာ..ချစ်ရပါသောကြယ်တစ်စင်းပါလေ။

..............................

မှောင်မဲလှောင်ပိတ်နေသည့် ​မြေတိုက်အခန်းတစ်နေရာ၌ အချုပ်ခန်းငယ်ကဲ့သို့ သစ်သားတိုင်လေးများကာရံထားသည့် အခန်းငါးခန်းရှိပြီး အဆိုပါ မြေအောက် နံရံများသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် အဖြူရောင်မှ ညစ်ထေးထေး ညိုညစ်ညစ်အရောင်ပြောင်းနေလေသည်။ ထိုအခန်းငယ်များတွင် ငါးယောက်ထက်မနဲသော ကလေးငယ်လေးများ နံရံကိုမှီ၍ ထိုင်နေသူကထိုင်နေပြီး အချို့မှာ လှဲ၍ အိပ်နေကြလေသည်။

ထိုအချိန်တွင် အဆိုပါမြေအောက်ခန်းထဲသို့ သန့်ပြန့်စွာဝတ်ဆင်ထားသည့် လူကြီးတစ်ဦးဝင်လာပြီး-ခပ်ဆိုးဆိုးလေသံဖြင့် ကလေးများအား မေးမြန်းလိုက်လေသည်။

My Shinning Star(Complete) Where stories live. Discover now