My Shinning Star (Part 2) Unicode

153 25 6
                                    

My Shinning Star(Part 2)

လွန်ခဲ့သော(၁၂)ခန့်က.....

"မိုးမြင့်ဓူဝံ.... မင်းအကုန်ကြားခဲ့တာလား”

"ကျွန်တော့်မျက်လုံးတွေ ကန်းခဲ့ပေမယ့် နားမှကန်းမနေခဲ့တာ...”

"ဝဠာမိုးမြင့်စံအိမ်”ကြီးအတွင်း၌ အကြိတ်အနယ်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲတစ်ခု။ အသက်(၂၀)အရွယ်လူငယ်တစ်ဦး၊(၁၆)နှစ်အရွယ် ရှိ မိုးမြင့်ဓူဝံဆိုသည့် ကောင်လေးနှင့် သူ့၏ပထွေးဖြစ်သူ ဦးထွန်းထွဋ်ခေါင်တို့၏ တိုက်ပွဲငယ်တစ်ခု။ မိုးမြင့်ဓူဝံကတံခါးဝတွင်ရပ်ရင်း နီရဲခက်ထန်နေသော အရည်လဲ့နေသည့်မျက်ဝန်းတစ်စုံနှင့် ဧည့်ခန်းထိုင်ခုံတွင် ထိုင်နေသော ဦးထွန်းထွဋ်ခေါင်နှင့်လူရံယ်ထံသို့ စူးစိုက်စွာကြည့်နေခဲ့လေသည်။

မိုးမြင့်ဓူဝံသည် ဝဠာမိုးမြင့်စံအိမ်သခင်မကြီး ဒေါ်သက်ဝဠာမိုးမြင့်၏ တစ်ဦးတည်းသောသားဖြစ်သည်။ ဒေါ်ဝဠာမိုးမြင့်၏ ပထမအိမ်ထောင်သည် ဓူဝံကိုမွေးပြီး (၂)နှစ်အကြာ အိမ်ထောင်သက်(၄)နှစ်တွင်ဆုံးပါးခဲ့သည်။

ထို့နောက်ဓူဝံ(၈)နှစ်သားအရွယ်တွင် ဦးထွန်းထွဋ်ခေါင်နှင့် တွေ့ဆုံကာ ဒုတိယအကြိမ်မြောက်အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။

အစောပိုင်းအချိန်များတွင် ဦးထွန်းထွဋ်ခေါင်သည် ဒေါ်သက်ဝဠာ၏ အလိုလိုက်အကြိုက်ဆောင်ကာ ​နေခဲ့သော်လည်း ဒေါ်သက်ဝဠာ၏ ကျန်းမာရေးချို့ယွင်းလာချိန်တွင်တော့ ဦးထွန်းထွဋ်ခေါင်၏ မင်းသားခေါင်းစောင်းထားသော ဘီလူးသွင်ပြင်မှာ စတင်ပေါ်ပေါက်လာတော့သည်။

နဂိုကပင် ဒေါ်သက်ဝဠာ၏ စည်းစိမ်ဥစ္စာများကို လိုချင်တပ်မက်သောကြောင့်သာ  လက်ထပ်ထိမ်းမြားခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့အချိန်အခါရောက်သောအခါ သူ၏ မြှာပွေအရှုပ်လုပ်ခြင်း ခြေလှမ်းများကစတင်လာခဲ့တော့၏။

ဒေါ်သက်ဝဠာမှာလဲ ကျန်းမာရေးအခြေအနေကြောင့် ဦးထွန်းထွဋ်ခေါင်၏ ခြေလှမ်းရှုပ်များနောက်သို့ အမှီမလိုက်နိုင်ရှာခဲ့ပေ။ သို့နှင့်နှစ်အနည်းငယ်ကြာသောအခါ ဒေါ်သက်ဝဠာ၏ ဆိုးရွားသောကျန်းမာရေးကား မီးစာကုန်ဆီခမ်းဘဝရောက်လာခဲ့ချိန်၌ ဦးထွန်းထွဋ်ခေါင်သည် လေးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးကို အိမ်ပေါ် သို့ခေါ်ဆောင်လာခဲ့လေတော့၏။

My Shinning Star(Complete) Where stories live. Discover now