ချစ်သူ၏ နှလုံးခုန်သံကိုပြန်လည်ကြားရဖို့ပင် ဆရာ၀န်များက ကြိုးစားကယ်တင်နေကြသည့် မြင်ကွင်းသည် ကျွန်မ၏ အသက်မဲ့သွားသော နှလုံးသားအား သောက အမှောင်တို့ ဖုံးလွှမ်းစေပေသည်။ ကျွန်မ၏ စံပယ်ပွင့်ချပ်လေးလို ဖြူဖွေးသော နှုတ်ခမ်းတို့မှလည်း ချစ်သူကို နိုးထဖို့ အကြိမ်ကြိမ်ရေရွတ် သတိပေးနေမိသည်။ ကျွန်မ၏ အသက်မဲ့နေသော လက်တို့ကလည်း ချစ်သူ၏ သွေးများပေကျံနေသော လက်ဖဝါးကို ဆုပ်ကိုင်ထားမိသည်😔 ရုတ်ချည်းဆိုသလို ကျွန်မချစ်သူ နှလုံးပြန်ခုန်လာခဲ့သည်။ ကျွန်မလည်း စိတ်ဖြောင့်သွားခဲ့သည်။ ချစ်သူကိုကျောခိုင်းပြီး အေးစက်ခြောက်သွေ့နေသော အရေးပေါ်အခန်းထဲမှ ထွက်ခွာချိန်တွင် ချစ်သူ၏ ပန်းနုရောင်နှုတ်ခမ်းများမှ "ခြူး"ဟု ခေါ်သံလေးကိုကြားရလိုက်သည်။ ကျွန်မ၏ မျက်လုံးများလည်း မျက်ရည်များလည်နေလျက်😔 ချစ်သူ၏ "ခြူး"ဟူသော ခေါ်သံကြောင့် အသက်ပြန်မရှင်နိုင်တော့သော ကျွန်မကိုယ်ကျွန်မ ယူကျုံးမရဖြစ်နေပေသည်။
ကျွန်မ၏ စိတ်ထဲတွင် တိုးတိုးလေးရေရွတ်နေမိသည် "ငါလေ ဘ၀ဆက်တိုင်း ငါသိပ်ချစ်ရတဲ့ချစ်သူနဲ့ သေခွဲမခွဲပါရစေနဲ့လို့ ငါဆုတောင်းမိတယ်"ဟု ပြောနေမိသည်။
တစ်လခန့်အကြာတွင် ကျွန်မချစ်သူ သတိပြန်ရလာခဲ့သည်။ သူသတိပြန်ရရချင်း ကျွန်မကို မေးနေခဲ့သည်။ "သားတို့တွေကျောင်းကအပြန်မှာ ကားတိုက်ခံခဲ့ရတယ်သား ခြူးကတော့ ပွဲချင်းပြီးသေသွားခဲ့တယ် ပွင့်ဖြူကတော့ အသက်ရှင်ခဲ့တယ် သား"ဟု မဟော်ရဲ့အမေက ပြောနေခဲ့သည်။ မဟော် လည်း ဘာကိုမှနားမလည်နိုင်တော့ဘဲ ကျွန်မ၏သေဆုံးခြင်းကိုမယုံနိုင်အောင်ပင် ဖြစ်နေတော့သည်။ ကျွန်မလည်း မဟော့်ရဲ့ ပုခုံးကို ကိုင်ပြီး "ကို့ဘေးနားမှာ ခြူးအမြဲရှိနေမှာပါ နောင်ဘ၀တွေထိ ကိုနဲ့အတူရှိနေဦးမှာ"လို့ပြောဆိုနေမိသည်။
ဒီလိုနဲ့ ညဘက်ရောက်တော့ မဟော်က သူ၏ ဝှီးချဲဖြင့် ၀ရန်တာလေးဆီသို့သွားခဲ့သည် ကျွန်မလည်း သူနဲ့အတူ လိုက်ပါမိသည်။ မဟော်က ကြယ်တွေပြည့်နေသော မဟူရာ ကောင်းကင်ကိုမော့ကြည့်ရင်း "ခြူးရယ် မင်းသာကိုယ့်ဆီပြန်လာမယ်ဆို ကိုလေ ကောင်ကင်ဘုံက နတ်မင်းနဲ့ပါတိုက်ခိုက်နိုင်တယ် ကိုမင်းကိုလွမ်းတယ် ခြူးရယ်" ဟုပြောနေသည်။ ထိုစကားသံများသည် သူ့ဘေးမှာ ဝိညာဉ်အဖြစ်ရှိနေသော ကျွန်မအား ၀မ်းနည်းစေသလို အားအင်လည်းဖြစ်စေသည်။
ထိုစဉ် ကြယ်များဖြင့် တလက်လက်တောက်ပနေသော ကောင်းကင်မှ ကြယ်လေး တစ်လုံး ကြွေခဲ့သည်။
မဟော်ရော ကျွန်မရော "ငါတို့ ချစ်ခြင်းတရား တကယ်မှန်ကန်ခဲ့လျှင် ငါတို့နှစ်ယောက် ဘ၀ဆက်တိုင်းပေါင်းဖက်ရပါစေ"ဟုသံပြိုင်ဆုတောင်းခဲ့သည်။😢😢
YOU ARE READING
Once upon a time
Romanceဘ၀ဟောင်းမှချစ်သူကို ဘ၀သစ်တွင် sugar daddyအဖြစ်ပြန်တွေ့ရသောအခါ 😇😇 ကားတိုက်မှုဖြင့်သေဆုံးခဲ့သော ခြူးဆိုသည့်ကောင်မလေးသည် ယောက်ျားလေးအဖြစ်နောက်ဘ၀အသစ်တွင် သူ့အရင်ဘ၀မှာချစ်သူ မင်းမဟော်နှင့် ပြန်လည်ဆုံတွေ့ကြသောအခါ Daddyနဲ့ baby typeလေး🚨 BL🚨