ကျွန်မကိုယ်ကျွန်မသိပ်မုန်းတယ် ကျွန်မက သူများတွေလိုလောကကြီးကိုမြင်နိုင်တဲ့သူတစ်ဦးမဟုတ်ခဲ့ဘူး ကျွန်မရဲ့နေ့ရက်တိုင်းကမှောင်မိုက်နေခဲ့တယ်။
ကျွန်မနာမည်က Alex ကျွန်မက မျက်မမြင်မိန်းကလေးတစ်ယောက်။ ကျွန်မမှာ သိပ်ချစ်ရတဲ့ချစ်သူတစ်ဦးရှိတယ် သူ့နာမည်က Edward "Edwardက ကျွန်မအတွက်ဆို အမြဲတမ်းအဆင့်သင့်ဖြစ်နေတဲ့လူတစ်ယောက် ကျွန်မက မျက်မမြင်ဆိုတာကိုတောင် သူကအပြစ်မယူဘဲချစ်ပေးခဲ့တယ်"
တစ်နေ့မှာ ကျွန်မကို Edwardက လေညှင်းခံဖို့ကမ်းခြေကိုခေါ်သွားခဲ့တယ်
ကျွန်မသူ့ကိုပြောခဲ့တယ် "Edward ငါသာလောကကြီးကို မြင်နိုင်မယ်ဆိုရင် လှပတဲ့အရာတွေကိုမြင်တွေ့နိုင်မယ်ဆိုရင် ငါနင့်ကို လက်ထပ်မယ်🙂"
Edwardက ဘာမှမပြောဘဲ ငြိမ်သက်နေခဲ့တယ်
တစ်နေ့မှာဘဲ အမည်မသိ တစ်စုံတစ်ယောက်က ကျွန်မအတွက်မျက်လုံးတွေ လာလှူခဲ့တယ်
ကျွန်မအခု လောကကြီးကိုတွေ့မြင်နိုင်ပြီ 🙂
အဲ့အချိန်မှာဘဲ ကျွန်မရဲ့နောက်ကျောဘက်ကနေ Edwardက သိုင်းဖက်ပြီး "Alexလောကကြီးကိုမြင်နိုင်တဲ့တစ်နေ့ကိုယ့်ကို လက်ထပ်မယ်လို့ပြောခဲ့တာ မင်းမှတ်မိသေးလား"
ကျွန်မလည်းနောက်လှည့်ကြည့် လိုက်တော့ အရမ်းကို ရှော့ရသွားခဲ့တယ် "Edwardမှာ မျက်လုံးတွေပျောက်ဆုံးခဲ့ပြီ "
ကျွန်မသူ့ကို လက်မထပ်နိုင်ဘူးလို့ပြင်းပြင်းထန်ထန်ငြင်းခဲ့တယ်
သူ၀မ်းနည်းသွားပုံပေါ်တယ် ကျွန်မနဲ့ဝေးရာကို ဖြေးဖြေးချင်းလျှောက်သွားခဲ့တယ်
တစ်နေ့ကျွန်မဆီစာတစ်စောင်ရောက်လာခဲ့တယ်
" Dear Alex မင်းအခုလောကကြီးရဲ့အလှတရားကိုတွေ့နိုင်ပြီ ကို့ရဲ့မျက်လုံးတွေကို မင်းကိုပေးလိုက်ပြီ ကို့ မျက်လုံးတွေကို ဂရုစိုက်ပါအချစ်ရေ ကိုမင်းကိုနှုတ်ဆက်ခဲ့တယ် I love you Alex"
စာကိုဖတ်ပြီး ကျွန်မအရမ်းဆွံ့အသွားခဲ့တယ်
ချက်ချင်းဆိုသလို သူ့အိမ်ကိုလိုက်သွားခဲ့တယ်
သူ့အိမ်ရောက်တော့ Edwardက သွေးတွေနဲ့ အသက်ရှုမဲ့နေခဲ့ပြီ ကျွန်မလည်း Edwardဆီကိုပြေးသွားပြီး "Edward ငါ မင်းဆီရောက်လာပြီလေ ငါ့ကိုအရင်လို ပွေ့ဖက်ပါဦး ငါတို့တွေ လောကကြီးကို အတူကြည့်ကြမယ်လေ လှပတဲ့အရာတွေကို ခံစားကြမယ် ပြီးတော့ ငါနင့်ကို လက်ထပ်မယ် I love you Edward"ပြောချင်တာကတော့ အချိန်လွန်မှ နောင်တမရစေနဲ့လို့ တန်ဖိုးရှိတဲ့အရာဆိုတာ နှစ်ခါပြန်မရနိုင်ပါဘူးနော်🙂🤗
ဖတ်ရှုသူအားလုံး ဆာဒါးငယ်ရော🙆🙆😍
YOU ARE READING
Bad romance
Romanceshort storyပါ warningတွေမပါ ပါဘူး။ စွန့်လွှတ်အနစ်နာခံတတ်တဲ့ကောင်လေးအကြောင်းရေးထားတာပါ။