Hannie, You are My story

517 69 1
                                    

(5)

"မှတ်မိသေးရဲ့လား ကျွန်တော်တို့ပထမဆုံး တွေ့တဲ့နေ့ကိုလေ"

နေဝင်ခါနီးအချိန်က ဝမ်းနည်းစရာကောင်းလောက်အောင် တောက်ပမလို မှိုင်းညှို့မလိုနဲ့လှနေပေမယ့် Hyungရဲ့တောက်တောက်ပပအပြုံးက ဖေးကူပေးထားတယ်။
မျက်လုံးမပေါ်တော့အောင် Minho hyungပြုံးတဲ့အချိန်တွေဆို သိပ်သဘောကျစရာကောင်းတယ်။ တကယ့်ဖြူဖြူစင်စင် ကလေးလေးလိုပဲ။

"မှတ်မိတာပေါ့ Hannieက ဒီလိုပုစိကွေးလေးပဲရှိသေးတယ်"

Hyungက သူ့ရဲ့ခါးနားလောက်ထိ လက်ကိုနှိမ့်ပြီးပြောတော့ Jisungလက်မခံချင်။

"အဲ့လောက်မသေးပါဘူးနော် ကျွန်တော်အလယ်တန်းကျောင်းသားဖြစ်နေပြီအဲ့တုန်းက"

" ဒါပေမယ့်လည်း ကလေးပဲကို "

Hyungက အရယ်တစ်ဝက်နဲ့ထပ်ပြီး ပြောပြန်တယ်။ Hyungအတွက်တော့ Han Jisungက အတိတ်မှာရော လက်ရှိမှာရော ကလေးသာသာပါပဲ။

Minho Hyungကို စပြီးသိတဲ့နေ့က Hyungအိမ်ကို ပထမဆုံးအလည်သွားတဲ့နေ့ပဲ ဖြစ်တယ်။


(6)

မားနဲ့ပါးတို့က Han Jisungကိုခေါ်ပြီး မိတ်ဆွေအိမ်ထမင်းစားဖိတ်ထားတာကို သွားကြတယ်။ အဲ့ဒီအိမ်က အကြီးကြီးပဲ။ Han Jisungတို့အိမ်ထက်ကိုနှစ်ဆလောက်ကြီးတယ်။ အဲ့လောက်ခမ်းနားတဲ့ အိမ်က Han Jisung ပါးနဲ့မားရဲ့ မိတ်ဆွေအိမ်တဲ့။

ညစာထမင်းစားတော့ အဲ့ဒီအိမ်က ဦးလေးနဲ့အန်တီက သူတို့ရဲ့သား Lee ByunHo နဲ့မိတ်ဆက်ပေးတယ်။ သူက Jisungထပ် ငါးနှစ်လောက်ကြီးတယ်။ Jisung သူ့ကိုပြုံးပြပြီးပဲ နှုတ်ဆက်လိုက်တယ်။ နောက်တော့ လူကြီးတွေစကားဝိုင်းထဲလည်းမပါဘဲ တိတ်ဆိတ်စွာပဲ ထမင်းဆက်စားခဲ့တယ်။

"အဒေါ် ကျွန်တော့်ကိုဆေးထည့်ပေးပါဦး"

သူတို့ထမင်းစားခန်းထဲကို ကောင်လေးတစ်ယောက် စကိတ်ဘုတ်ကိုင်ပြီးဝင်လာတယ်။ လူကလည်း ပေတလူးစုတ်ပြတ်လို့ ဒူးခေါင်းမှာလည်းဒဏ်ရာနဲ့။

"ဟဲ့ ဒီမှာဧည့်သည်တွေနဲ့ကို ဇွတ်ဆက်ဝင်လာတာပဲ။ အဒေါ်ကြီးခေါ်သွားလိုက်"

Hannie, You are My StoryWhere stories live. Discover now