Zawgyi
_______*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____အခုဆို ကျနော်တို့ လက်ထပ်တာ 3 လတောင်ပြည့်ပီးပီ ကျနော်လည်း ကျောင်းပီးသွားလို့ နောက်လအနည်းငယ်ကြာရင် ဘွဲ့ ယူရတော့မယ် Jung kook ကတော့ သူ့ appa yoongi ရဲ့ company မှာ အလုပ်လုပ်နေပီ ၊ ဒီအတောတွင်းလည်း ကျနော့်ကို လိုလေသေးမရှိကို ဂရုစိုက်ပေးလွန်းလို့၊ papa တို့လာရင် သူအကဲပိုတာတွေတွေ့ ပီး အမြင်ကပ်သည်ဟု ဆိုကာ အခု သိပ်မလာကြတော့ပင် ၊
Jung kook အလုပ်သွားတဲ့အချိန်ဆို ကျနော် ကpapa တို့အိမ်သွားပီး papa jin လုပ်ထားတဲ့မုန့်တွေ သွားသွားစားနေကျ ၊ ကျနော်လည်း Jung kook ကိုအရမ်းချစ်မိနေပီထင်တယ် သူကိုမမြင်ရရင်မနေနိုင်တော့
တစ်ခါတလေ အလုပ်ကတခြားသူတာက်ယောက်နဲ့ တွေ့ ရင်လည်း သ၀န်တိုတယ် အလုပ်ကိစ္စမှန်းသိပေမယ့်လည်း ပီးတော့ သူ့ရဲ့ဂရုစိုက်မှုတွေ ယုယတာတွေကို အရမ်းကိုလိုလိုလားလား ဖြစ်လာပီး ချွဲလဲချွဲချင်လာသည်၊ တစ်ခါတစ်လေ ကလေးလို ဂျီတိုက်ချင်လာသည်လေ ၊
အခုလည်း Jung kook ပြန်လာတော့မည်မို့ papa jin နဲ့ မုန့်လုနေတာကို ရပ်ပီး အိမ်ပြန်ခဲ့လိုက်တော့တယ် Jung kook ကိုတွေ့ ချင်နေပီလေ .....
ကျနော်အိမ်ရောက်တော့ ထူးဆန်းစွာ အိမ်ကမှောင်နေသည် ကျနော် မီးတွေဖွင့်ခဲ့ပါတယ် ၊ ခြံထဲအမြန်ပင်ဝင်သွားလိုက်တဲ့ အချိန်မှာ မီးတွေလင်းလာသည် ၊ ခုမှသေချာကြည့်မိတော့ ခြံထဲမှာ မီးလုံးတွေအပြည့် ပန်းတွေအပြည့်နဲ့ အလှဆင်ထားသည် ၊
ပီးတော့ စားပွဲခုံလေးနဲ့ ထိုင်ခုံ ၂ခုံ ၊ ၀ိုင်တွေရော ပီးတော့ စတော်ဘယ်ရီတွေ ၊ ဘေးနားမှာတော့ tent လေး ၊ ထို tent လေးထဲမှာလဲ မွေ့ ယာ စောင် ခေါင်းအုံးအပြည့်နဲ့ ကြည်နူးဖွယ်ပင်
Kook : hyung
Tae : jungkook အစောကြီးပြန်ရောက်နေတယ် ဒါတွေ အကုန် ပြင်ထားတာလား
Kook : ဟုတ်တယ် နေ့ခင်းထဲက ပြန်ရောက်နေပီး အကုန်ပြင်ထားပီး hyung လေးကိုစောင့်နေတာ ဒီနေ့ဘာနေ့လဲ သိလား

ESTÁS LEYENDO
Purple Darling ( Completed )
FanfictionJung kook : taehyungie hyung ကကုကုအပိုင် ကုကုတို့ကြီးလာရင် papa တို့လို လက်ထပ်ကြမယ်နော် Taehyung : ကုကု hyung ကို strewberry ကျွေးမယ်ဆို Jung kook : ကုကုကို နမ်းရင် များကြီးကျွေးမှာ ငယ်ငယ်တည်းက hyung တစ်ယောက်တည်းကိုသာ သည်းသည်းလှုပ် အကဲပိုစွာ အရမ်းခ...