***
စက္ကန့် သုံးဆယ်လောက် တစိမ့်စိမ့်ကြည့်မိရုံနဲ့တင် စို့နင့်ပြီး ငိုချင်လာတဲ့နေ့ရက်များပေါ့
***နာရီပိုင်းလောက်ခြားခြားပြီး ရိုက်ချိုးနေနဲ့ record တွေကို Facebook က album လေးထဲ ထည့်သိမ်းရုံကလွဲရင် ဒီရက်ပိုင်း တမင်ကိုရှောင်နေဖြစ်ခဲ့တယ်။
ရှောင်ဖြစ်နေလို့ မတောင်းပန်တော့ဘူး၊ တကယ်ကို ဒီခံစားချက်ကြီးကိုမုန်းလို့ ရှောင်နေရင်းပဲ လွမ်းရင်းတမ်းရင်း ဖြစ်နေတာမို့ နားလည်ပေးမှာသိတယ်။
ဘာမှ လုပ်စရာမရှိတဲ့အချိန်မျိုးဆို overthinking တွေက နေရာ၀င်ယူချင်တယ်၊ ဟုတ်တယ် အတွေးလွန်မိပါတယ်၊ နောက်နှစ်အနည်းငယ်ကြာပြီး တစ်နေ့မှာ ဘာတွေကို ရင်ဆိုင်ရမလဲ ကြိုတွေးပြီး ပူလောင်မိတယ်။
ဒီလူသားကို ချစ်နေရတဲ့ခံစားချက်ကို ပြန်ပြီးချစ်မိတဲ့တစ်ချိန်တည်းမှာပဲ ဒီအချစ်တွေ နည်းနည်းလောက်ဖြစ်ဖြစ် လျှော့နိုင်ရင်ရော ငါပိုပြီးစိတ်သက်သာရာရနိုင်မလားလို့ တောင့်တမိပြန်တယ်။
ချစ်ခြင်းမေတ္တာက အသွားအပြန်ရှိပေမယ့် မစုံစည်းနိုင်တဲ့ကံကြမ္မာအရ အသွားနဲ့ အပြန်ဟာလည်း အလှမ်းမမီနိုင်မယ့် တစ်နေရာမှာပဲ ပျောက်ကွယ်သွားကြတယ် ထင်ပါရဲ့...
ဒါပေမယ့်လည်း ရှောင်နေမိတာကို အခုပဲ ရပ်လိုက်ပါတော့မယ်
Kim Taehyung အတွက် ဘာမှမဟုတ်တဲ့ nobody တော့ မဖြစ်ချင်တာမို့ Kim Taehyung ကိုချစ်နေတဲ့ လူသန်းပေါင်းများစွာထဲက someone အဖြစ်ပဲ အချိန်တွေအကြာကြီး ရှင်သန်နေပါ့မယ်။
အဲ့ဒီနောက်မှာမှ ဂင်မ်ထယ်ဟျောင်းကိုချစ်တဲ့ကောင်မလေးပါပေါ့ 💜2020 July 10
