အပိုင်း ၇

452 48 2
                                    



နေ့လည်ခင်းချိန် ရောက်သည်အထိ ထယ်ဟျောင်းမင်းသားမှာ အိပ်ခန်းထဲမှထွက်မလာသေး၊ Jung Kook လည်း မကြာခဏ အခန်းရှေ့သွားကာ လော့ချထားသောတံခါးကိုခေါက်၍ အော်ခေါ်နေသည်။

' Tae Hyung ssi ! တံခါးဖွင့်ပါဦး...Tae Hyung ssi !! '

တံခါးခေါက်၍ အော်ခေါ်နေသော်လည်း အထဲမှ တုံ့ပြန်သံတစ်စုံတစ်ရာ မကြားရ၊ Jung Kook လည်း အခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သက်ပြင်းချရင်း တံခါးပွင့်နိုင်မယ့် ဖြစ်နိုင်ချေတစ်စုံတစ်ရာကိုစဉ်းစားနေတယ်။ ရှိသမျှအားကုန်သုံးပြီး တံခါးကိုပိတ်ကန်ရန်လည်းမဖြစ်၊ တံခါးကျိုးသွားလျှင် သူပဲပြန်ပြင်ရမည်။

/ စဉ်းစားစမ်း? Jeon Jung Kook !/

ထို့နောက် စဉ်းစားနေရင်းနဲ့ အတွေးပေါက်သွားပြီး...

/ သြော် ! ငါဘာလို့ သော့ကို မေ့နေရတာလဲ? Tsk !/

ဧည့်ခန်းထဲအတင်းပြေးသွားကာ ဆိုဖာပေါ်တင်ထားတဲ့ သူ့လွယ်အိတ်ထဲက သော့ကို နှိုက်ရှာလိုက်ပြီး အိပ်ခန်းဘက်ပြန်ပြေးလာကာ အခန်းတံခါးကိုအလျင်အမြန်ဖွင့်တော့တယ်။

အခန်းတံခါးဖွင့်လိုက်တော့ မင်းသားလေးမှာ ကုတင်ပေါ်တွင် အိပ်ပျော်နေသည်ကိုတွေ့ရတော့ Jung Kook လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းဖြည်းဖြည်းချလိုက်ပြီး သူ့အခန်းထဲကပစ္စည်းတွေ တစ်ချက်ကြည့်လိုက်တော့ တစ်စုံတစ်ရာဘာမှမဖြစ်တာကို ဘုရားသခင်ကို ကျေးဇူးတင်လိုက်သေးသည်။

/ ဟူးး တော်ပါသေးရဲ့ /

Jung Kook လည်း ကုတင်နား ချဉ်းကပ်သွားလိုက်ပြီး မင်းသားကိုကြည့်လိုက်ကာ သူစိတ်လိုက်မာန်ပါဖြင့် အော်ငေါက်မိသည်ကိုတွေးကာ စိတ်မကောင်းဖြစ်မိပြန်သည်။

Jung Kook လည်း ကုတင်ထောင့်စွန်းနားဝင်ထိုင်လိုက်ပြီး အိပ်မောကျနေတဲ့ မင်းသားရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာချောချောကို ငေးမောမိတယ်။ သတိမထားမိဘဲ မင်းသားမျက်နှာကို ထိကိုင်ရန်ပြင်စဉ် မင်းသားဆီက တအင်းအင်းညည်းသံထွက်လာတော့ ဟန်ပြင်နေတဲ့လက်ကို ပြန်ရုတ်လိုက်တယ်။ မင်းသားရဲ့ မှိတ်ထားတဲ့မျက်လုံးဆီက မျက်ရည်တစ်စ စီးကျလာတာတွေ့တော့ ထိုမျက်ရည်စများကို သုတ်ပေးရန် မင်းသားမျက်နှာဆီ ထပ်၍လက်လှမ်းလိုက်စဉ်...

The Lost Prince (Unicode)Where stories live. Discover now