' ဒါ ဘယ်နေရာကြီးလဲဟင် အစ်ကိုဂျောင်ဂု ? '
Tae Hyung မင်းသားဟာ လမ်းလျှောက်နေရင်းနဲ့ မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ရင်း ဆိုတယ်။ လက်ကလည်း Jung Kook ရဲ့ လက်မောင်းကို ခပ်တင်းတင်းဆွဲကိုင်ထားကာ...
' ဘာမှလည်း မမြင်ရဘူး ~ ကျုပ် လန့်တောင် လန့်လာပြီ '
မျက်လုံးကို အတင်းဖိပွတ်ကာ ပြန်ဖွင့်ကြည့်သော်လည်း ဘေးမှအမှောင်ထုကလွဲပြီး ဘာမျှမတွေ့...။
' မလန့်ပါနဲ့...ဒီလမ်းကနေ ဖြတ်လျှောက်ပြီးသွားရင် ပျော်စရာကောင်းတဲ့ နေရာရောက်တော့မှာ ခဏလေးပဲစောင့် '
Jung Kook က သူ့လက်မောင်းကို တွဲရင်း ဘေးကနေ ကစမ်းကဝါးနဲ့ လျှောက်နေတဲ့ မင်းသားကို ပြုံးဖြဲဖြဲနဲ့ကြည့်ရင်း ပြောလိုက်တယ်။
Tae Hyung လည်း အမှောင်ထုကြောင့် စမ်းတဝါးဝါးနဲ့ လျှောက်နေရပေမယ့် Jung Kook ပြောသည့် ပျော်စရာကောင်းသည့်နေရာ ဆိုသည်ကိုလည်း စိတ်ထဲမှ ကြောက်လန့်ခြင်းတစ်ဝက်နဲ့ စိတ်ဝင်စားမိနေတယ်။
Jung Kook လည်း Tae Hyung လက်ကိုဆွဲကာ လျှောက်လာရင်း ဝင်ပေါက်တစ်ခုရှေ့အရောက် တံခါးကိုဖြည်းဖြည်းချင်း တွန်းဖွင့်ဝင်လိုက်တယ်။
မှိတ်ထားတဲ့ မျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်စဉ် Tae Hyung မြင်လိုက်ရတာက...
ဆူဆူညံညံ တီးလုံးတွေနဲ့ လင်းတစ်ဝက်မှိတ်တစ်ဝက် ဖြစ်နေတဲ့ ရောင်စုံဒစ်စကို မီးရောင်တွေအောက်မှာ အုတ်အုတ်ကျက်ကျက်နဲ့ လှုပ်လှုပ်ရွရွ က,နေကြတဲ့ လူအုပ်ကြီး...။
Jung Kook က မင်းသားကို Underground Dance club တစ်ခုသို့ ခေါ်လာခြင်းဖြစ်ကာ စားပွဲဝိုင်းတစ်ခုမှ ထိုင်ခုံပေါ်သို့ Tae Hyung ကို ထိုင်ခိုင်းလိုက်ပြီး...
' ဒီနေရာက အခုခေတ်လူတွေ ညဘက်မှာ ပျော်ဖို့ပါးဖို့ လာကြတဲ့နေရာပဲ ဟိုခေတ်တုန်းကဆို ဆောင်ကြာမြိုင်လို နေရာမျိုးပေါ့ '
တီးလုံးသံတွေကလည်း ဆူညံနေသောကြောင့် Jung Kook လည်း Tae Hyung ကြားအောင် အတတ်နိုင်ဆုံး အသံကို မြှင့်ပြောလိုက်တယ်။ Tae Hyung လည်း တီးလုံးသံတွေကြောင့် Jung Kook ပြောသည်ကို သေချာမကြားရပေမယ့် အတတ်နိုင်ဆုံး နားစွင့်ကာ နားထောင်နေတယ်။ မအူမလည်ဖြင့် ဘေးဘီကို လှမ်းကြည့်လိုက်တော့လည်း အရာအားလုံးက သူနေခဲ့တဲ့ ခေတ်တုန်းကနဲ့ တခြားစီ၊ အထူးအဆန်းတွေချည်း...။

YOU ARE READING
The Lost Prince (Unicode)
Fanfic{၁၈} ရာစု ထယ် မင်းဆက်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ မင်းသားလေးဟာ (၂၁) ရာစုက ကောင်လေးတစ်ယောက်အိမ်ကို ရုတ်တရက် ရောက်ရှိလာသောအခါ...?? Pairing : 태국 ©Story referenced by me.