Zawgyi•••....ကျွင့်ခိုင်ဘယ်သွားမလို့လဲ...•••
ရေးလက်စာအုပ်ထူကြီးကိုပိတ်ပြီးစုတ်တံကိုအသာချကာအပြင်ထွက်ဖို့ပြင်နေသောကျွင့်ခိုင်ကိုယွမ်လှမ်းမေးလိုက်သည်....။
•••...ကျွင်းရှန့်တာဝန်ပေးထားတာ
အခုမှသတိရလို့အပြင်သွားမလို့....••••••...ကျွန်တော်လည်းလိုက်ချင်တယ်...••
မျက်တောင်တဖျတ်ဖျတ်ခတ်ရင်းမျှော်လင့်တကြီးတောင်းဆိုနေတဲ့လူသားလေးကိုကျွင့်ခိုင်တစ်ချက်ကြည့်ကာပြန်ပြောလိုက်သည်က....
•••...မင်းကဘာလိုက်လုပ်မှာလဲ
အိမ်မှာပဲအေးဆေးနေခဲ့ပါပေါက်စရာ...••••••...မရဘူးကျွန်တော့်ကိုခေါ်ပါဆို
ဒီမှာထိုင်နေရတာပျင်းတယ်ကျွင့်ခိုင်ရ
နော်..နော်..နော်...•••နှုတ်ခမ်းလေးထော်ကာထော်ကာနှင့်ဖျစ်ညှစ်ချင်စရာကောင်းလောက်အောင်ချစ်စဖွယ်ပြောနေသောလူသားလေးကြောင့်ကျွင့်ခိုင်မှာအသည်းတယားယား....
ဒါပေမယ့် ဒီစပ်စလူးနတ်ပူးနေတဲ့လူသားလေးကိုခေါ်လို့မရတာကြောင့်.......•••....ငယ်လေးမင်းသူ့ကိုခေါ်ထားစမ်းပါ
ငါတကယ်အရေးကြီးနေလို့...•••ခေါ်ချင်ပေမယ့်မရတာကြောင့်ကျွင့်ခိုင်က ချန်းရှီကိုအကူအညီလှမ်းတောင်းလိုက်သည်.....။
သို့သော် အမောင်ချန်းရှီကတော့သူ့ကိုရှိတယ်လို့ပင်မထင်....သူ့လက်ထဲကမိုးမခကိုင်းလေးကိုသာတဖျတ်ခါရင်းလေချွန်ကာဟိုကြည့်သည်ကြည့်နှင့် သူ့ထံသို့အကြည့်တစ်ချက်တောင်ပို့မလာ.....မကြားချင်ယောင်ဆောင်ထားဆဲ....•••....ငယ်လေး!!...•••
စိတ်တိုတိုနှင့်ကျုံးအော်လိုက်တော့မှ မင်သေသေမျက်နှာဘေးဖြင့်ပြန်ကြည့်လာသောချန်းရှီ.....
•••...ဘာလဲဗျာ...ဘာလဲ...•••
•••...ပေါက်စကိုခေါ်ထားစမ်းပါဆို
ငါအပြင်သွားမလို့...•••
YOU ARE READING
Magic Land
FantasyZawgyi •••...Magic Land လို့ခေါ်တယ်...••• •••...ဟမ်...••• •••...မင်းအခုရောက်နေတဲ့ငါတို့ကျွန်းက Magic Landလို့ခေါ်တယ် မှော်ဝင်ကျွန်းပေါ့....••• - - - - •••...ဖန်....ဖန်ဆင်းရှင် မဖြစ်နိုင်တာ!!!...••• - - - Unicode •••...Magic Land လို့ခေါ်တယ်...••• •••...