Magic Land*****3

125 25 0
                                    

Zawgyi

အမွှေးတိုင်တစ်တိုင်စာကုန်အောင်လမ်းလျှောက်ပြီးနောက်တော့တဖြည်းဖြည်းနှင့်လှုပ်ရှားသက်ဝင်လာသောကျွန်းကြီးကိုယွမ်စတင်မြင်တွေ့လာရသည်။
ချန်းရှီနှင့်ကျွင့်ခိုင်ကဲ့သို့ဝတ်ရုံများကိုဝတ်ထားသောသူများကိုတွေ့မြင်လာရသလို အဖြူ ရောင်နှင့်အနက်ရောင်အင်္ကျီဝတ်သူများကိုလည်းတစ်ယောက်စနှစ်ယောက်စမြင်တွေ့လာရသည်။
သို့သော်ကျောင်းဝတ်စုံနှင့်ယွမ့်ကိုမြင်တော့လူတိုင်းလိုလိုအံသြသည့်မျက်ဝန်းများနှင့်ကြည့်လာသလို တီးတိုးပြောရင်းနှင့်ကျန်ရစ်ခဲ့ကြသည်....။

သူတကယ်ပင် ဖန်ဆင်းရှင်တွေနေသောကျွန်းကိုရောက်လာသည်လား???....
ရှေ့မှသွားနေသောနှစ်ယောက်သည်လည်း ခပ်တည်တည်ဦးဆောင်သွားနေကာ ဘယ်နေရာတွင်ခရီးဆုံးမည်ကိုမပြောသေး...။
လမ်းတစ်လျှောက်တွေ့နေရသော သစ်လုံးအိမ်ဆင်တူလေးတွေကိုသာလိုက်ကြည့်ရင်း အကဲခတ်ကာအသာလေးလိုက်နေမိသည်...။

သစ်လုံးအိမ်ဧရိယာကိုကျော်လာပြီးနောက် ထူးခြားသောအဆောက်အဦးအိမ်ပုံစံတွေကို ယွမ်တွေ့မြင့်လာရသည်..။
အဆောက်အဦးတွေသာထူးဆန်းသည်မဟုတ် လူတွေပါထူးဆန်းလာသည်.....။
သစ်အိမ်လုံးဧရိယာတုန်းကလူတွေက အားလုံးသာမာန်ပင်...။
နေထိုင်ကြသည်မှာလည်း လူ့ကမ္ဘာပုံစံနှင်မခြားကြ...
အဲတစ်ခုတော့ရှိတယ် လူတိုင်းရဲ့နဖူးပေါ်မှာ ခရမ်းနုရောင်နဖူးစည်းလေးများနှင့် လက်တွင်ငွေရောင်တုတ်ချောင်းလေးများကိုကိုင်ထားကြသည်...။
သို့သော်ယခုတွေ့ရသည့်လူများသည်တော်တော်ထူးဆန်းသည်...။
တစ်ချို့က လူငယ်ပင်ဖြစ်လင့်ကစားဆံပင်တို့ကဆွတ်ဆွတ်ဖြူ ကာ ခပ်ကိုင်းကိုင်းနှင့်လျှောက်သွားနေကြသည်....။
တချို့ကလည်း ဂေါ်ပြားကိုထမ်းကာလျှောက်သွားနေကြသည်...။
တချို့ဆိုလျှင်ငွေရောင်ဖြူ ဖြူ အလုံးများကို မြှောက်လိုက်ပြန်ဖမ်းလိုက်နှင့်ကစားနေကြသည်....။
တချို့ကတော့ တစ်ထွာလောက်ထူသောရှေးဟောင်းစာအုပ်ကြီးများကိုလက်တစ်ဖက်ကိုင်ကာ နောက်တစ်ဖက်ကလည်းနီညိုရောင်စုတ်တံလေးနှင့် တစ်ခုခုကိုရေးခြစ်နေကြသည်...။
သို့သော် သူတို့အာရုံအားလုံးသည်ယွမ်ဖြတ်သွားသည့်အခါတိုင်းသူ့နောက်ပါလာကြစမြဲပင်...။

Magic LandWhere stories live. Discover now