Part (20)

3.8K 139 0
                                    

မုန်းရယ် ပြယ်ဖို့..

🌸pann

Part (20)

မ အကျီ င်္လဲနေတုန်း ကုတင်ပေါ်မှာ တင်ထားတဲ့ မ ဖုန်းလေးကို ယူကြည့်မိသည်..။

Simcard တစ်ကဒ်ပဲ သုံးထားတာပဲ.. ဒါဆို ဟိုဖုန်း(ကိုကို့ ဖုန်းထဲက မ ဖုန်းနံပါတ်) ကို မသုံးဘူးလား ..

မ ဖုန်းထဲက contact ကို ကြည့်တော့လည်း ကိုကို့ ဖုန်းနံပါတ် မတွေ့.. ။

ဒါဆို အဲ့simcard ကို မ မသုံးတော့ဘူးလား..

ဘာလို့လဲ ။

ဂျလောက်..

မ ထွက်လာပြီမို့ ဖုန်း အမြန် ပိတ်ကာ ကုတင်မှာ မသိမသာ ပြန်ချ ထားလိုက် သည်..

" မ ပြီးပြီမလား.. "

" အင်.. "

" ဒါဆို မောင်တို့ သွားရအောင်.. "

" အွန် "

ချယ် လိုအပ်တာ အကုန်ယူပြီး သူ့နောက် အမြန်လိုက်ရသည်..။

ရဲရင့်ညီ ကားသာ မောင်းနေရပေမယ့် စိတ်က အတွေးတွေ နဲ့ ယောက်ယတ်ခတ် နေရသည်..

" မ.. "

မ ကုမ္ပဏီ ရှေ့တောင် ရောက်နေပြီ.. သိချင်တာလေးလည်း ရှိတော့ မ ကို တားရသည်

ချယ် ကားပေါ်က ဆင်းခါနီး သူခေါ်နေတာကြောင့် လှည့်ကြည့်ရသည်..

" အင် "

" ဟိုလေ.. "

" .... "

" ဟို.. "

" တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ.. ပြောစရာ ရှိတာ မပြောဘူး အလုပ်နောက်ကျ မယ် "

" မောင် ဖုန်းကဒ် အသစ်ချိန်းမို့.. "

" မင်း ချိန်းတာပဲ ချိန်းပေါ့..ငါကဘာလုပ်ပေးရမှာလဲ "

" ဟို မရော လိုလားလို့ မေးမလို့ပါ.. မောင်တစ်ခါထဲ ဝယ်ပေးမလို့ "

" ဟင့်အင်း မလိုပါဘူး.. ဆင်းကဒ် အများကြီး ဘာလုပ်ရမှာလဲ "

" မ များ အပိုလိုမလားလို့.. ဆင်းကဒ် တစ်ခုပဲ ရှိတာ မဟုတ်ဘူး လား "

မ ကို မဝံ့မရဲ လေး မေးရသည်..

" တစ်ခုထဲနဲ့ လုံလောက်နေတာ အများကြီး ဘာလုပ်ရမှာလဲ.. ဒါပဲမလား နောက်ကျနေပြီ ငါသွားတော့မယ် "

မုန်းရယ် ပြယ်ဖို့ (Unicode)Where stories live. Discover now