part 1 (U+Z)

7.9K 264 4
                                    

Unicode

ငယ်စဉ်ထဲကနေခဲ့ရတဲ့မြို့လေးကနေ
အဝေးတစ်နေရာကိုပြောင်းပြီးကျောင်းတတ်ရလိမ့်မယ်လို့မထင်မိဘူး
ချစ်ရတဲ့သူငယ်ချင်းလေးတွေနဲ့ခွဲခွာပြီး
သူစိမ်းဆန်တဲ့ ပေကျင်းဆိုတဲ့မြို့လေးမှာ
အထီးကျန်စွာ‌ေနရတော့မယ်

*စွာတေးလန်ကျင်းရီနဲ့ငအစစ်ကျွေးငါ့ကိုမမေ့ကြနဲ့နော်
ငါတို့လိုင်းပေါ်ကနေအမြဲဆက်သွယ်ကြမယ်
မင်တို့လေးတွေနဲ့ငါတစ်နေ့ပြန်တွေ့ရမာပါ*

ခေါ်တဲ့အသံတစ်ခုကြောင်မိမိအတွေးများလွှင့်စင်သွားရသည်

"တိလေးရိပေါ် ဘာတွေတွေးနေတာလဲ စစ်ကျွေးတို့ကိုလွမ်းလို့လားတိလေး"

ကျွန်တော်ဘာမှပြန်မပြောမိ
ငယ်စဉ်ထဲကကျွန်တော့်ကိုအရမ်းချစ်ပြီးအလိုလိုက်သော
ကောဇယ်ဝူကျွင်း
မိဘတွေကအရာရာမှာချစ်ပြီးအလိုလိုက်ထားတာလို့အနည်းငယ်ဆိုးနေပေမယ့်
မသိစိတ်မှအမြဲအားငယ်တတ်တဲ့ညီငယ်ကိုအရိပ်တကြည့်ကြည့်နဲ့ချစ်ပေးနေသောကော
အခုလည်းမျက်နှာမကောင်းလို့စိတ်ပူနေပြန်သည်

အမေတို့တစ်ခါတည်းပြင်ဆင်ပေးထားသောအိမ်ဝိုင်းလေးထဲခြံ‌ေစာင့် အိမ်ထိန်း စာဖိုမှုး ဥယာဉ်မှုးမှအစ အကုန်ရပ်ကာစောင့်ကြိုနေလေသည်
ကောနဲ့အတူကားပေါ်မှဆင်းကာ စောင့်ကြိုနေသောသူများကိုတစ်ချက်လှည့်မကြည့်ပဲ
အိမ်နောက်လေးတွင်ရှိနေသော စမ်းချောင်းတစ်ဖက်ကပန်ခြံလေးကိုသာထွက်လာခဲ့သည်
ကောကတော့အားနာတတ်သူပီပီ ပစ္စည်းများကူရွေ့ကာ
ညီငယ်အခန်းကိုသာအရင်ပြင်‌ဆင်ပေးနေလေသည်

🎶Shawty like a melody in my head🎶

"ဟယ်လို"

"--------------"

"အေးအေးဟျောင့်
ငါအဲ့အချိန်ရအောင်တတ်ခဲ့မယ်"

"-------------"

"အာ..ရတယ်ငါမပင်ပန်းဘူး....တတ်ခဲ့မယ်"

"---------------"

"လဲသေလိုက်လေလွမ်းစရာလား....လဒ..."

"---------"

"အေးအေးဒါပဲ"

ကျင်းရီဆီမှဖုန်းကောက်လာသောကြောင့်စိတ်ထဲအနည်းငယ်ပျော်ရွှင်သွားရသည်

သဲငယ်ရဲ့ရင်ထဲကကိုကို(သဲငယ္ရဲ့ရင္ထဲကကိုကို) (Complete)Where stories live. Discover now