Part 6(Zawgyi)

1K 67 1
                                    

တီ...တီ...တီ..

နှိုးစက်သံကြားတာနဲ့လှမ်းပိတ်သူမှာရှောင်ကျန့်
သူကပုံမှန်စောစောထတတ်တဲ့အကျင့်ရှိသည်
သူ့ဘေးနားမှာအိပ်နေသော လူသားလေးကိုငြိမ်ငြိမ်လေးကြည့်နေသည်

နှဖူးပြင်ပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုလက်လေးနဲ့အသာလေးဖယ်ပြီး ကျွန်တော်ခပ်ဖွဖွလေးနမ်းလိုက်တယ်
သဲငယ်နိုးမှာစိုးလို့ကုတင်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းပြီးပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်တယ်လေ

မီးဖိုချောင်ထဲမှာ မနက်စာလုပ်နေတုန်းလက်နွေးနွေးလေးက ကျွန်တော့ခါးလေးကိုသိုင်းဖက်လာတယ်

"ကိုကို ဘာလုပ်နေတာလဲ
အစောကြီးရှိသေးတာကို"

အိပ်ချင်မူးတူးနဲ့ထလာတဲ့ကျွန်တော်သဲငယ်လေးအရမ်းချစ်ဖို့ကောင်းနေတယ်
ကြော်လက်စကြက်ဥကိုပြီးအောင်ကြော်ပြီးငယ့်ကိုချီကာအပေါ်ကိုခေါ်သွားလိုက်တယ်

ချီလိုက်တော့လဲလည်ပင်းကိုသိုင်းထက်ပြီးခေါင်းလေးပခုံးပေါ်မှီလို့ပါလာတာပဲ
အိပ်ယာပေါ်ချပေးလိုက်တော့ ဆရာသမားကပြန်တောင်အိပ်သွားတယ်

"သဲငယ် ထတော့လေ"

"ဟွန်းး ကိုကိုကလဲ သဲငယ်ထချင်သေးဘူး"

"ထပါငယ်ရဲ့ ငယ်ကလိမ္မာတယ် ထ ကိုကိုအကျီထုတ်ပေးထားမယ် သွားရေသွားချိုးတော့"

မထချင်သေးပါဘူးဆို ဇွတ်ဆွဲမတဲ့ကိုကို မျက်စောင်းလေးတစ်ချက်ထိုးပြီး ရေချိုးခန်းထဲဝင်ခဲ့ပစ်လိုက်တယ်
နောက်မှာတော့
ပြုံးစိစိကြီးကျန်ခဲ့တာ
ရေချိုးခန်တံခါးပိတ်ပြီးညကအကြောင်းပြန်စဉ်းစားမိတော့
မူပိုင်အပြုံးလေး ကျွန်တော့နှုတ်ခမ်းထက်မှာဖန်ဆင်းလာတယ်

*ကိုကိုကတကယ်ချောတာပဲ
ဒီလိုလေးညတိုင်းကြည့်ခွင့်ရတော့မှာပေါ့
ချောမွေ့နေတဲ့မျက်နှာပြင်လေး
နှုတ်ခမ်းအောက်က ထင်းနေတဲ့မှဲ့နက်ကလေး
ဟင်းး ကိုကိုကဒီလောက်ချောတာ
ကိုကို့ကိုကြိုက်တဲ့သူတွေအများကြီး
ကိုကို သဲငယ်ကိုထားမသွားရဘူးနော်
သဲငယ်ကိုကို့နဲ့မခွဲနိုင်ဘူး*

သဲငယ်ရဲ့ရင်ထဲကကိုကို(သဲငယ္ရဲ့ရင္ထဲကကိုကို) (Complete)Where stories live. Discover now