Part 11 (Uni)Final

2.8K 105 7
                                    

စားသောက်ပြီးအကုန်ပြန်သွားကြပြီ
အကုန်အပြီးအစီးလုပ်ပေးသွားကြရှာတယ်
သူတို့ပြန်ပြီဆိုတာနဲ့ ကျွန်တော်နဲ့ကိုကိုလဲအခန်းထဲဝင်လာလိုက်တယ်

"ကိုကို"

"ဗျာ သဲငယ်"

"သဲငယ်ရေချိုးလိုက်အုံးမယ်နော်"

"အင်းသဲငယ် ကိုကို စောင့်နေမယ်နော်"

"ဟုပ်ကဲ့ကိုကို"

ကိုကိုပြုံးတာမြင်လိုက်တယ် ဒီလတွေအတွင်းကိုကိုဆိုတာအပြုံးအရယ်ရှားခဲ့တယ်
အခုလိုယုန်သွား‌ေတွ‌ေပါ်‌ေအာင်ပြုံးဖို့ဆိုတာဝေးမှဝေး
ကျွန်တော်ရေချိုးပြီးထွက်လာတော့ကိုကိုကဂိမ်းဆော့ရင်းစောင့်နေတယ်

"ကိုကို"

"ဟင် ငယ် "

"ရေမချိုးတော့ဘူးလား ငယ်ရေ‌ေနွးစပ်ခဲ့တယ်"

"မချိုးတော့ဘူးသဲငယ် ကိုကို အချိန်တွေမဖြုန်းချင်ဘူး
ငယ့်ကိုရင်ခွင်ထဲထည့်ထားချင်ပြီ"

"လာပါပြီနော် လာပါပြီ"

ကိုကိုကဖုန်းကိုလက်ကနေချပြီး လက်နှစ်ဖက်လှမ်းကာကြိုနေတယ် ရင်ခွင်ထဲဝင်ရောက်ဖို့

ကျွန်တော်လဲအလှဆုံးပြုံးပြီ ကိုကို့ရင်ခွင်ထဲဝင်ရောက်ခဲ့တယ်

"သဲငယ် "

"ဗျာကိုကို "

"ကျေးဇူးတင်ပါတယ်"

"ဘာကိုလဲကိုကိုရဲ့"

"ကိုကို့ဆီပြန်လာပေးလို့ ကိုကို့ကိုချစ်နေပေးလို့ ကိုကို့ကိုခွင်ြလွှတ်ပေးလို့ ကိုကို့ကိုသည်းခံပေးလို့"

"ကိုကိုရယ် မလိုပါဘူး သဲငယ်လဲတောင်းပန်ပါတယ်"

"သဲငယ် ထပ်မပြောနဲ့"

"ကြည့်သူ့အလှည့်ကျတော့...."

စကားပင်မဆုံးသေး နဖူးပေါ်ကိုထိ‌ေတွ့လာတဲ့ နှုးညံ့တဲ့နှုတ်ခမ်းတစ်စုံ
မျက်လုံးလေးမှိတ်ထားရုံကလွဲဘာလုပ်နိုင်မှာလဲ
ဒါ့အပြင် ကျွန်တော်လဲသိပ်လွမ်းနေခဲ့တာလေ

နဖူးလေးဟာသွားတော့ ကိုကို့ကိုကြည့်လိုက်တယ်

"သဲငယ်ကိုသိပ်လွမ်းနေခဲ့တာ ကိုကို မနီးစပ်ရရင်တောင် မျက်နှာလေးတော့မြင်ချင်နေခဲ့တာ သဲငယ်ဘယ်မှာရှိနေလဲ ဘာတွေလုပ်နေလဲ ကိုကိုသိချင်နေခဲ့တာ...."

သဲငယ်ရဲ့ရင်ထဲကကိုကို(သဲငယ္ရဲ့ရင္ထဲကကိုကို) (Complete)Where stories live. Discover now