episode-2

11K 736 0
                                    

- Unicode -

အဖြူရောင် ...

လေးပင်နေတဲ့ မျက်ခွံတွေကို ကြိုးစားကာ ဖွင့်ကြည့်လိုက်တော့ အဖြူရောင် အလင်းလေးက စူးလွန်းနေသည်။ ပြီးတော့ နွေးထွေးသည်။

အင်း.....ဒီလို နွေးထွေးမှုမျိုး မခံစားရတာကြာပြီ။

" မင်း သတိရပြီလား ? "

မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးပြူးပြူး၊ အနည်းထူသော ကကြီးပုံနှုတ်ခမ်း၊ ကတုံးဆံပင်ပေါက်ကေ နဲ့ လူတစ်ယောက်က ပြူးတူးပြာတာ မေးလာလေ ၏ ။

ကျွန်တော့်ရှေ့မှာရှိတဲ့ သူကဘယ်သူလဲ?

ကျွန်တော်ကရော ဘယ်ရောက်နေတာလဲ?

သိချင်စိတ်နဲ့ ဝေ့ဝဲကာ ကြည့်မိတော့ ခေါင်းက တစစ်စစ်ဖြင့် ထိုးကိုက်ကာ သွားရသည်။

' အာ...ငါမသေသေးဘူးပဲ။ '

စိတ်ထဲမှာ တွေးမိပြီး ကိုယ့်ကိုယ်ကို လည်း အံ့အားသင့်နေမိသည်။ အသုံးမကျတဲ့ ဒီဘဝမှာ သောက်ကျိုးနည်း စွာ အသက်ရှည်နေခြင်းက ကူညီရာရောက်တယ်လို့များ ထင်နေသလားဗျာ....။

" ဟေ့ကောင်.... အတိတ်မေ့သလို ရွှေပျောက်သလို လုပ်မနေနဲ့ မေးတာဖြေဦး။ "

အရှေ့ကလူရဲ့ မယုံမကြည် မျက်နှာထားဖြင့် အမေးစကားကြောင့် အတွေးများနေသော ဆုပိုင်၏ စိတ်တွေက လက်ရှိကာလသို့ ရောက်လာရသည်။ မရှိခိုးနိုး မလှစုန်းရိုး ဆိုတဲ့ လူ့သဘောသဘာဝ အတွေးအမြင်တွေ အရ ဆုပိုင်လို လူတစ်ယောက်အတွက် ဒီလို တုန့်ပြန်မှု တွေဟာ အဆန်းကြီးတော့ မဟုတ်ပါ။

" ဟုတ်ကဲ့ "

အားမရှိတာကြောင့် မထင်မှတ်စွာပဲ အသံက တိုးတိုးလေး ထွက်လာရသည်။ အားမလို အားမရ ဖြစ်ရခြင်းတွေ ပါပဲ။

" ရော့ ... ဒါက နစ်နာကြေး။ တကယ်ဆို ပေးစရာတောင် မလိုဘူး။ မင်းက ကား ရှေ့ဝင်လာတာ မဟုတ်ဘူးလား? "

လမ်းအကွေ့ စစ ြခင်းတွင် ြကိုကာဟွန်းမတီးပဲ လူ ြမင်မှ ဟွန်းတောက်သော အပြစ်ကို ထိမ်ချန်ကာ ဆုပိုင်အား ပြောဆိုနေသည်မှာ အပြစ်ကင်းမဲ့ဟန် ပင်။

" အားနာမနေနဲ့ ယူစမ်းပါ။ boss က ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူး။ အခုထဲက ဇယား  ရှင်းထားမှရမှာ။ "

Yes, boss...!Where stories live. Discover now