အပိုင်း (၁)

959 55 12
                                    

J: တိုတိုကြီး. . . . .တိုတိုကြီး သားကို ပင်လယ်ကြီးပြမယ်ချို

နှုတ်ခမ်းထော်ထော်လေးနဲ့စကားပြောနေတဲ့ကလေးလေးကို
မင်းသွေးခန့်အသည်းယားစွာဖြင့်ပါးလေးကိုညှစ်ကာ

M: Omm Jay လေးက ကြည့်ချင်လို့လား

Jay Baas လေးကခေါင်းညိမ့်ပြတော့ မင်းသွေးခန့်က နောက်ကနေ နာရွက်လေးကိုဆွဲကာ အပေါ်ကိုဆွဲမလိုက်ပြီး

M:ပင်လယ်ကြီးကိုတွေ့လား

J:တွေ့ဝူး

မင်းသွေးခန့် Jayနားရွက်​လေးကိုဆွဲပြီးအပေါ်ထပ်မြှောက်လိုက်တော့

J:အား!!! နာရယ် နာရယ် လွှတ် လွှတ် အီး. . .  . ဟီး. . . . .ဟီး. . . . .

Jay Bassလေးငိုတော့ မင်းသွေးခန့်ကလွှတ်ပေးလိုက်ပြီးချော့ရတော့တာပေါ့ စွာတေးလန်လေးကတော့သူ့ကို နှုတ်ခမ်းထော်ထော် ထော်ထော်လေးနဲ့ရန်တွေတွေ့လို့

M:မငိုပါနဲ့တော့ ပုစိလေးရယ်ကိုကြီး ရေခဲသေတ္တာထဲက ရေခဲမုန်ယူကျွေးမယ် မငိုနဲ့တော့နော် ကလေးလေး က လိမ္မာတယ် နော် ရေခဲမုန့်သွားစားမယ်နော်

စိတ်ကောက်နေတဲ့Jayလေးကိုကောက်ချီပြီး ရေခဲမုန့်တွေခွန့်ကျွေးကာအတူတူကစား အတူတူရယ်မောပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ အခုဆို Jayအတွက် အမှတ်ရစရာ အတိတ်အဖြစ်သာကျန်ခဲ့ပြီဖြစ်တယ် တစ်အိမ်တည်းအတူနေပြီး ကိုကိုကြီးဆီက အမုန်းတရားတွေသာရနေတဲ့ Jay အဖို့ ပျော်ရွှင်ခြင်းဆိုတာဘယ်မှာရှာရမလဲတောင်မသိတော့ပါဘူး
တစိမ်းဆန်တဲ့အပြုအမူ အေးစက်လွန်းတဲ့အကြည့်တွေကြားမှာ အရင်တုန်းက ကိုကိုကြီးနဲ့ဝေးကွာခဲ့တာကြာပါပြီ

ဒေါက်...... ဒေါက်......ဒေါက်

Z: Jay ရော့ဒီမှာ မင်းတွက်မွေးနေ့လက်ဆောင်

J: ကိုကိုလေး သားမွေးနေ့ကိုသတိရတယ်

မျက်လုံးအပြူးသားလေးနဲ့အံ့သြနေတဲ့ကောင်လေးကို ဇွဲမာန်ထက်သူ့ရဲ့အစွယ်လေးတွေပေါ်အောင်ပြုံးပြကာ

Z: Omm မှတ်မိတာပေါ့ Jayရဲ့ မွေးနေ့မှာအများကြီးပျော်ရွှင်နိုင်ပါစေ

J: ကိုကိုလေး ပေးတဲ့ဆုနဲ့ပြည့်ရပါစေ

Z: ကိုကိုလေးကျောင်းသွားတော့မယ်နော်

နှလုံးသားလေး ရဲ့ ခိုနားရာWhere stories live. Discover now