အပိုင်း (၂)

626 56 5
                                    

ကိုကိုကြီးက အဆင့်တန်းမြင့်ပြီးမဟာဆန်တဲ့ရုပ်ရည်မျိုးရှိသည် နေတတ်ထိုင်တတ် ဝတ်စားဆင်ယင်တတ်တာကြောင့် သူ့ရဲ့ ရုပ်ရည်ကိုပိုမိုချောမောသန့်ပြန်စေသည် ကိုကိုကြီးမေမေ ဆုံးသွားပြီးတည်းက တင်းမာသွားတဲ့ကိုကိုကြီးမျက်နှာ မှာ အရယ်အပြုံးမရှိတော့ သူပြုံးလိုက်တိုင်းမြင်နေကျဖြစ်တဲ့အစွယ်လေးတစ်ချောင်ကိုတောင်မမြင်နိုင်ခဲ့တာကြာပါပြီ ကျွန်တော် ကိုကိုကြီးကိုအတန်ကြာငေးကြည့်နေပြီး ကြီးမြ အသံကြောင့်အသိပြန်ဝင်လာမှ ရှက်သလိုလိုပင်ဖြစ်သွားသည်

ကြီးမြ :သားကြီးမနက်စာစားသွားအုံးမလား

M: မစားတော့ဘူး ကြီးကြီးမြ Company မှာ Meeting ရှိလို့

ကြီးမြ: Awww အေး အေး

M: ကြီးကြီမြ အေးမြတ်ကော

ကျွန်တော်ကိုကိုကြီး မအေးမြတ်ကိုမေးတည်းကသိလိုက်သည် ပြီးတော့ကိုကိုကြီးဖိနပ်မထုတ်ထားတာကိုလည်းတွေ့လိုက်တာကြောင့် ကျွန်တော်ကပဲအလိုက်သိစွာနဲ့ မှန်ဘီရိုထဲက ကိုကိုကြီးဖိနပ်ကိုထုတ်လိုက်တဲ့အချိန်မှာ

M: Jay Baas! ! !

မင်းသွေးခန့်အော်သံကြောင့် Jayလေးတုန်တတ်သွားရသည်

M: Jay Baas မင်းကလေဘယ်နှခါပြောပြောအမှတ်မရှိပါလား မင်းလက်နဲ့ငါ့ပစ္စည်းတွေကိုလာမကိုင်နဲ့ ငါမကြိုက်ဘူး မျိုးအောင်ရေ ! ! ! မျိုးအောင်! ! !

မျိုးအောင်:လာပါပြီ သူဌေး

M: သူ့လက်ထဲကဖိနပ်ကိုယူပြီးပြန်ထည့်လိုက် ပြီးတော့ ဟိုနက်ပြာရောင်လေးထုတ်ပေး

မျိုးအောင် : ဟုတ်ကဲ့

Jayလေးကတော့ခေါင်းလေးငုံ့ပြီးမျက်ရည်လေးတွေရစ်ဝိုင်းနေသည်

M: ဟိတ်! ငိုနေတာလား မနက်စောစောစီးစီးကျက်သရေမရှိဘူး မျိုးအောင် လာသွားမယ်

ကျွန်တော် ကျလာတဲ့မျက်ရည်စတွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဖယ်လိုက်တယ် ကျွန်တော်လည်းလူပါခံစားတတ်တဲ့အသည်းနှလုံးရှိသလို မှတ်သားတတ်တဲ့ မှတ်ဥာဏ်လည်းရှိပါတယ် ကျွန်တော်ဘာမှမသိတဲ့ ကိစ္စတစ်ခုအတွက် ကျွန်တော်ပေးဆပ်နေရတာတွေကတန်ရဲ့လားလို့တစ်ခါတစ်လေစဉ်းစားမိတယ်

နှလုံးသားလေး ရဲ့ ခိုနားရာWhere stories live. Discover now