Episode (3)

291 26 3
                                    

Unicode#

"အစ်ကိုတော်.....သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ။"

ဒူးထောက်နေသော Bai Li Feng.......
ဒေါသမာန်ဖြင့်ကြည့်နေသော Bai Xue Xing.....

"ဒီလူက ယဉ်ကျေးမှုမရှိဘူး..
သူရှိနေရင် လောကကြီးကငြိမ်းချမ်းမှာမဟုတ်ဘူး....."

Bai Xue Xing စကားကို မျက်နှာငယ်လေး နှင့်ခေါင်းမော့ကြည့်ရှာသောသူ....

"သူလမ်းနဲ့သူသွားပါစေ။အစ်ကိုတော်ဒီလိူလုပ်လိုက်ရင် မျိုးနွယ်အတွက်လည်းမကောင်းဘူး.ပြီးဒီနှစ်က အရှင်လာမယ့်နှစ်လေ....မလုပ်ကောင်းပါဘူး"

Bai Li Feng စကားတွေက ငိုသံတောင်ပါနေသည်မို့ Bai Xue Xingအဖို့ ဒေါသထွက်စရာ....

"ဒီဘာမဟုတ်တဲ့ လူသားတစ်ယောက်အတွက်တော်ဝင်မျက်ရည်ကိုအကျခံမလို့လား....."

အစ်ကိုတော်ပြောမှ Bai Li Feng မိမိမျက်လုံးကိုစမ်းလိုက်မိသည်။စိုထိုင်းနေသောမျက်ဝန်းတစ်စုံ......

သူ့ကိုယ်သူနောင်မယုံနိုင်.....
သူမျက်ရည်တွေဝဲနေသည်.....
အခုမှစတွေ့စသူစိမ်းတစ်ယောက်အတွက် နှင့်.....

"အစ်ကိုတော်အခုပြန်သွားလိုက်ပါဒီဘုရားပွဲမှာ ဂီတနဲ့ပူဇော်ပြီး လို့ တရားပွဲပြီးသွားရင်ပြန်ခဲ့ပါမယ်"

Bai Li Feng မပေးချင်သောကတိကိုပေးလိုက်ရသည်။

သူလူ့ဋ္ဌာနေကိုမရောက်ဖူး.....
သူ့အဖိုးကမှလူ့ပြည်ကိုရောက်ဖူးသေးသည်....

သူတစ်ယောက်တည်းမရောက်ဖူးခဲ့....

ခက်ခက်ခဲခဲထွက်လာပါသည်ဆိုမှ စည်းကမ်းတင်းကျပ်တဲ့အစ်ကိုတော်နဲ့လာတွေ့နေပြီ...

မျှော်လင့်ထားသည်က ဒီမှာတစ်ရက် နှစ်ရောက်နေပြီး လူ့ပြည်ကိုလျှောက်လည်မည်ဟုစဉ်းစားထားသော်လည်း ယခုတရားပွဲပြီးတာနဲ့ပြန်ရမည့်ကိန်းဆိုက်နေပြီ....

"ဒါဆိုငါပြန်တော့မယ်...ဘိုးတော်ကိုတော့တားလို့ရမှာမဟုတ်ဘူး....မင်းသာအချိန်မှီမပြန်ခဲ့ရင် ငါလည်းမင်းကိုတာဝန်မယူနိုင်ဘူး"

Bai Xue Xing ကရုတ်တရက်ဆိုသလိုလေထဲအမှုန်လေးများသဖွယ်ပျောက်ကွယ်သွားသည်။....
ပြန်လည်ထလာသောBai Li Feng က ရုပ်သေဖြစ်နေသော Jing Minh Yue ဘက်လှည့်ကာ နားနားကပ်၍စကားဆိုလိုက်သည်။

With My Unseen BoyWhere stories live. Discover now