Episode(1)

738 34 3
                                    

Unicode #

ထိုးထွက်လာသောနေရောင်အောက်မှာနိုးထလာသောသူ~~~

"Jing Ming Yue ထတော့လေ။ငါတို့သွားရတော့မှာ"

အောက်ထပ်မှ ပါး၏ အော်ခေါ်သံကြောင့်Ming Yue အိပ်ရာပေါ်တွင်မထချင်သေးဘဲလူးလှိမ့်နေသည်။

ဒီနေ့ ကဘာနေ့မလို့လဲ?
ကွမ်ရင်မယ်တော်ပူဇော်ပွဲ~~~~~

Ming Yue ရုတ်တရက်သတိရမိသွားသည်။နှစ်တိုင်းသူတို့မိသားစု ဘုံကျောင်းကိုသွားပြီးတရားနာယူနေကြဖြစ်သည်။

သူတို့မြို့က ကွမ်ရင်ဘုရားပွဲကို တစ်မြို့လုံးနီးပါး ခြိမ့်ခြိမ့်သဲကျင်းပသည်။ မြို့အနှံ့လှည့်လည်ကြသည်။

Ming Yue ကိုလည်း ကွမ်ရင် မယ်တော်ကျေးဇူးတော်ကြောင့်လွယ်လွယ်ကူကူမွေးဖွားခဲ့သည်ဟုမားက မကြာခဏပြောတတ်သည်။

ထို့ကြောင့်လည်း Ming Yue ကိုကွမ်ရင်မယ်တော်ဘုရားပွဲရောက်တိုင်း မဖြစ်မနေခေါ်ခေါ်သွားတတ်သည်။

" Ming Yue မင်းဆင်းလာမလား။ငါဆွဲချရမလား"

"ဝုန်း"

ပါးရဲ့အော်သံကြောင့် Ming Yue တစ်ယောက်အိပ်ရာထဲမှရုတ်တရက်ထလိုက်ရသည်။

မနှစ်ကပွဲတော်။

ဒီနှစ်လည်းပြီးသွားမှာပဲ။ဒီအတိုင်းပဲ။သူငယ်ချင်းတွေနဲ့လျှောက်လည်မယ်။မိန်းကလေးတွေလိုက်ကြောင်မယ်။တရားပွဲနားထောင်မယ်။

ဘုရားဖူးရင်းလိပ်ဉတူးရင်းပေါ့။Ming Yue ကိုယ့်ကိုယ်ကိုယ်တစ်ချက်ပြုံးနေမိသည်။

ဘုရားပွဲ~~~~~

"ဟေ့ကောင် Ming Yue ဟိုနားကစော်လေးချောတယ်နော်"

သူငယ်ချင်းဖြစ်သူ၏ခေါ်စကားကြောင့် သူလက်ညှိုးညွှန်ရာကိုကြည့်လိုက်သည်။

"အေးချောတယ်ကွ။ဒါပေမယ့်ငါကြိုက်တဲ့ပုံစံတော့မဟုတ်ဘူး"

"ဘယ်ကြိုက်မှာလဲ။မင်းမှာ Luo Luo ရှိနေတာကို"

"သူရှိနေလဲဘာထူးလို့လဲကွာ။ဒီ့ကောင်ကကြောင်တာပဲကို"

ဘေးမှအခြားသူငယ်ချင်းတစ်ယောက်ကလှမ်းပြောလိုက်၍Ming Yue နည်းနည်းတင်းသွားသည်။

With My Unseen BoyDonde viven las historias. Descúbrelo ahora