အခန်း (၁)

7.2K 117 16
                                    

" အ... အား... ဖြည်းဖြည်း... "

နာကျင်မှုကြောင့်လား သာယာမှုကြောင့်လား။ မသဲမကွဲထွက်လာသော ညည်းညူသံတို့ကြောင့် တံခါးခေါက်မည့်လက်တစ်စုံက တွန့်ဆုတ်သွားခဲ့သည်။

" အ... ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ "

" သခင်လို့ခေါ်... ဖြည်းဖြည်းလုပ်ပါ သခင်လို့ပြော... ပြောလေ "

တဖြည်းဖြည်း ပို၍အရှိန်တက်လာသည့်အသံများ။ နှစ်ယောက်အတူကြည်နူးနေပုံတော့မပေါ်။ ကျာပွတ်ရိုက်သံတရွှမ်းရွှမ်းနှင့် အောင်နိုင်သူပမာ ခြင်္သေတစ်ကောင်ဟိန်းဟောက်နေသကဲ့သို့ အောင်ပွဲဆင်နေသော အဖေ့၏ပုံစံကိုမြင်ယောင်မိရင်း သူ တစ်ချက်ရယ်လိုက်မိသည်။ ရာဂတဏှာကြီးလွန်းတဲ့ အဖေ့ရဲ့အချစ်စစ်ပွဲ မဟုတ်ဘူး တဏှာစစ်ပွဲလို့အမည်တပ်ရင် ပိုမှန်မည်။ ငယ်ငယ်တည်းက မြင်ဖူးနေကျမြင်ကွင်း၊ ကြားယောင်ဖူးနေကျအသံ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရလေ့ရှိတာကြောင့် သူ့အနေနဲ့မထူးဆန်းတော့။

အချိန်အနည်းငယ်ကြာမြင့်လာတာကြောင့် တံခါးကိုသာမှီ၍ ရပ်စောင့်နေလိုက်သည်။ အချိန်ကိုက်မှလာမိသော ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်ရမည်။

" အား... ကောင်းလိုက်တာကွာ... ဝင်လာခဲ့လေ သား ဂါဗေးလ် "

နားပါးရုံသာမက အနံ့ခံအာရုံပါ သူမတူအောင်တစ်ဖက်ကမ်းခပ်တော်လွန်းသော ဂါဗေးလ်၏ဖခင် အယ်လ်ဗီရိုဖြစ်သည်။ မာလ်စတွန်မျိုးနွယ်စု၏ ခေါင်းဆောင်ပီသပါပေသည်။

ဝင်လို့ရပြီဆိုသည်နှင့် စောင့်ဆိုင်းလိုက်ရသဖြင့် ညောင်းညာစပြုလာသည့်ခန္ဓာကိုယ်ကို အကြောဆန်လိုက်ရင်း တံခါးကိုဖွင့်၍ဝင်သွားလိုက်သည်။

" အဖေကတော့ လန်းဆန်းနေတာပဲနော်၊ ဟိုမှာတော့ အသက်တောင်ရှူသေးရဲ့လား "

အဝတ်အစားတို့ကိုပြန်ဝတ်ကာ ဝိုင်တစ်ခွက်ကိုအေးဆေးငှဲ့ရင်းသောက်နေသော အဖေ့ကိုကြည့်၍ စနောက်လိုက်သည်။

ကုတင်ပေါ်တွင်မလှုပ်နိုင်တော့သော ကောင်လေးကိုကြည့်၍ စိတ်မကောင်းသော်လည်း မတတ်နိုင်။ ဒါ ကံကြမ္မာအရပင်ဖြစ်သည်။ သူတို့က သားကောင်၊ ကိုယ်တွေက မုဆိုး။ မုဆိုးဟူသည် သားကောင်မှန်သမျှ အလွတ်ပေးလေ့မရှိ။ သနားညှာတာ၍မရ၊ ကိုယ်အသက်ရှင်ဖို့အတွက် အသုံးချရမည်။

F O R T U N E (Own Creation)Where stories live. Discover now